CloudSwitch

CloudSwitch ဆိုသည်မှာ cloud migration software ကို ဖန်တီးသည့် ကုမ္ပဏီဖြစ်သည်။ ၎င်းကုမ္ပဏီမှ ဖန်တီးထားသည့် ထုတ်ကုန်များသည် application များ၊ လုပ်ငန်းများနှင့် ပတ်သက်သော အချက်အလက်များကို cloud ထံ ရွှေ့ပြောင်းလိုသူများအတွက် အလွယ်တကူ ပြုလုပ်စေနိုင်သည်။

CloudSwitch website တွင် ဖော်ပြထားသည့် feature များမှာ အောက်ပါအတိုင်းဖြစ်သည်။

– Virtual machine များအတွက် အချက်အလက် ရွှေ့ပြောင်းခြင်းကို အလိုအလျောက်နှင့် လုံခြုံစိတ်ချစွာ ပြုလုပ်နိုင်မည့် Cloud Isolation နည်းပညာ
– Data center နှင့် cloud အကြား လုံခြုံသော ကွန်ရက်ချိတ်ဆက်မှု
– ရင်းမြစ်ကို စိစစ်လေ့လာခြင်းနှင့် provider configuration အတွက် CloudFit
– စံသတ်မှတ်ထားသော protocol များကို အသုံးပြုထားသည့် Storage encryption
– အရေအတွက်များပြားသော သုံးစွဲသူများအတွက် ထိန်းချုပ်ခြင်းနှင့် ခွင့်ပြုခြင်း
– လက်ရှိ management tool များကို ပေါင်းစပ်ခြင်းနှင့် တိုင်းတာဆောင်ရွက်ခြင်းတို့အတွက် web service များနှင့် command-line interface တို့ ဖြစ်သည်။

CloudSwitch ကို Verizon က ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ဝယ်ယူခဲ့သည်။ နောက်ပိုင်းတွင် Verizon ၏ ဌာနခွဲ တစ်ခုဖြစ်သော Terremark နှင့် ပူးပေါင်းခဲ့သည်။