Note IFY (iOS)

1.jpg

iPhone, iPad တို့ပေါ်တွင် မှတ်စုများ ရေးမှတ်အသုံးပြုလိုသူများအတွက် သုံးစွဲနိုင်မည့် App တစ်ခုဖြစ်သည်။ အဆိုပါ App သည် Notepad App တစ်ခုဖြစ်ပြီး မိမိရေးမှတ်သည့် Notepad များကို အရောင်အမျိုးအစား စုံလင်စွာဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့ပြင် မိမိ Notepad ဖိုင်များကို Password ဖြင့် ထိန်းသိမ်းပေးထားနိုင်မည်ဖြစ်ပြီး၊ Automatic Backup စနစ်လည်း ပါဝင်မည်ဖြစ်သည်။

အဆိုပါ App ကို ယခင်က iTunes တွင် ကန်ဒေါ်လာ ၁.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ယခုအခါမှာတော့ အခမဲ့ ၃ ရက် Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 7.0 နှင့်အထက်တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။