Viber က တရုတ်နှစ်ကူးအတွက် Sticker အသစ်များ ထုတ်လုပ်

Screenshot_2015-02-17-15-08-44.jpg

Viber သည် တရုတ်လူမျိုးများ၏ ဆိတ်နှစ်ကို ကြိုဆိုသောအားဖြင့် နှစ်ကူးအထိမ်းအမှတ် Sticker ၁၆ ခုကို အသစ်ထုတ်လုပ်လိုက်သည်ဟု ကြေညာသည်။

အသစ်ထုတ်လုပ်လိုက်သည့် Sticker ၁၆ ခုကို Viber sticker market ၌ အခမဲ့ download ပြုလုပ်နိုင်မည်ဖြစ်ပြီး နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် Sticker အသစ်များကို မျှဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။

အရောင်အသွေး စုံလင်လှသည့် တရုတ်နှစ်ကူး အထိမ်းအမှတ် Viber Sticker ၁၆ ခုသည် တစ်ခုချင်းစီအလိုက် ရိုးရာလှုပ်ရှားမှုကို ပေါ်လွင်စေရန် ဖန်တီးထားခြင်းဖြစ်ပြီး အဓိပ္ပာယ်များအနေဖြင့် ဆုမွန်ကောင်းတောင်းခြင်း၊ နှုတ်ခွန်းဆက်သခြင်း၊ အံပေါင်းပေးခြင်းနှင့် အခြားသော အကြောင်းအရာများ ပါဝင်သည်ဟု သိရသည်။

တရုတ်နှစ်ကူးနှင့် ပတ်သက်သည်များကို Sticker များနှင့် အဆင်ပြေစွာ ဆက်သွယ်နိုင်ရန် ဖန်တီးပေးခဲ့ခြင်းဖြစ်ပြီး တရုတ်ဘာသာ (မန်ဒရင်း၊ ကန်တုံနိစ်) တို့အပြင် အင်္ဂလိပ်ဘာသာနှင့်လည်း ဖန်တီးထားပေးထားကြောင်း သိရသည်။