Helpouts ဝန်ဆောင်မှုကို ဧပြီလ ၂၀ ရက်တွင် ရပ်ဆိုင်းမည်ဟု Google ကြေညာ

10991115_10152729685442825_5863381328660632658_n.jpg

ကုမ္ပဏီ၏ မျှော်မှန်းချက်အတိုင်း တိုးတက်လာခြင်း မရှိသောကြောင့် တစ်နှစ်သက်တမ်းသာရှိသေးသည့် ဗီဒီယို tutorial ဝန်ဆောင်မှုဖြစ်သော Helpouts ကို ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း Google မှ ကြေညာခဲ့သည်။

“Helpouts community မှာ ပုံစံသုံးစွဲနေသူအချို့ ပါဝင်ပေမယ့် ကုမ္ပဏီက မျှော်မှန်းထားတဲ့အတိုင်း တိုးတက်မှုတွေ မရှိခဲ့ပါဘူး” ဟု Helplouts blog post တွင် ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် စတင်မိတ်ဆက်ပေးခဲ့သည့် Helpouts သည် ကြည့်ရှုသူများအတွက် အကူအညီပေးနိုင်မည့် ဗီဒီယို သင်ကြားပို့ချမှုများကို ၎င်းတို့၏ ဝန်ဆောင်မှုမှ ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ၎င်းတွင် video chat တစ်ခု ပါဝင်ပြီး အခမဲ့နှင့် အခပေး tutorial ကဏ္ဍကိုလည်း ထောက်ပံ့ပေးထားသည်။ ဗီဒီယိုဖြင့် သင်ကြားပို့ချသည့် ကဏ္ဍများတွင် ဂစ်တာ သင်ခန်းစာများ၊ ဆွေးနွေးလမ်းညွှန်မှုများ၊ ဆေးကုသမှုဆိုင်ရာ အကြံဉာဏ်များနှင့် ဟင်းချက်နည်း သင်ခန်းစာများတို့ ပါဝင်သည်။

သုံးစွဲသူများသည် Helpout ကို ဧပြီလ ၁၉ ရက်မှ စတင်ကာ အသုံးပြုနိုင်မည် မဟုတ်ကြောင်းနှင့် ဧပြီလ ၂၀ ရက်တွင် သုံးစွဲသူများက ၎င်းတို့၏ Helpouts history ကို Google Takeout ကို အသုံးပြု၍ download ပြုလုပ်နိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ download ပြုလုပ်ခြင်းကို နိုဝင်ဘာလ ၁ ရက်အထိ ခွင့်ပြုထားမည်ဟု သိရသည်။

Ref: CNET