CCleaner ကိုအလိုအလျောက် Run ပေးရန်အတွက် အချိန်သတ်မှတ်ခြင်း

image93.jpg

CCleanerဆိုတဲ့ဆော့ဖ်ဝဲဟာ Windows သုံးစွဲသူအများစု အသုံးပြုတဲ့ ဆော့ဖ်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ အဆိုပါ ဆော့ဖ်ဝဲကို မိမိကွန်ပျူတာမှာ အချိန်မှန် အလိုအလျောက် Auto Run နိုင်ရန်အတွက် Windows ရဲ့ Scheduler Function နဲ့ပေါင်းစပ်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး Task Scheduler ကိုအရင်ဖွင့်ရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် Task Scheduler Library ကိုရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ ထို့နောက် ညာဘက်အခြမ်းမှာရှိတဲ့ Action မှာ Create Basic Task ဆိုတာကို ကလစ်ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Task Wizard ပေါ်လာရင် Name မှာ CCleaner ကိုအချိန်မှန် Run အောင်ပြုလုပ်မှာ ဖြစ်တဲ့အတွက် CCleaner Weekly Run လို့ အမည်ပေးထားပါတယ်။ အမည်ကတော့ မိမိနှစ်သက်သလို ပေးနိုင်ပါတယ်။

နောက်တစ်ဆင့်ကတော့ နေ့စဉ် Run မှာလား၊ အပတ်စဉ် Run မှာလား ၊ လစဉ် Run မှာလားဆိုတာကို သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။  ဒီနေရာမှာမိမိ နှစ်သက်သလို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ပြီးသွားရင် Next Button ကို Click ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် မိမိစတင်မယ့် နေ့စွဲနဲ့ အချိန်ကိုထည့်သွင်း သတ်မှတ်ပေးရမယ့် အဆင့်ဖြစ်ပါတယ်။ အချိန်တွေ ရက်စွဲတွေ ထည့်သွင်းပြီးသွားပြီဆိုရင် Next Button ကို နှိပ်လိုက်ပါ။

အထက်ပါ အဆင့်တွေ ပြီးသွားရင် Program ကို အလုပ်လုပ်နိုင်ဖို့အတွက် Action မှာ Start a program ဆိုတာကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။

ပြီးသွားရင် CClenarကို Run မှာဖြစ်တဲ့အတွက် Browse Button ကို နှိပ်ပြီး C:\Program Files အောက်မှာ CCleaner.exe ဆိုတာကို ရှာဖွေပေးပြီး ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ 64bit Version မှာဆိုရင် Program File (x86) Folder အောက်ကနေ CCleaner ကိုရွေးချယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးသွား ပြီဆိုရင် Add arguments ဆိုတဲ့နေရာမှာ /auto  ကိုထည့်ပေးထားရမှာ ဖြစ်ပါတယ်။

အထက်ပါ အဆင့်တွေအားလုံး ပြီးသွားပြီဆိုရင် Finish Button ကို နှိပ်ရမှာ ဖြစ်ပါတယ်။ (ပုံ ၈)

ဖော်ပြပါ အဆင့်တွေ ပြီးသွားပြီဆိုရင် Task Scheduler box အတွင်းမှာ CCleaner နဲ့ ပတ်သက်တဲ့ Schedule ကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ Schedule ကို Right Click နှိပ်ပြီး Property ကိုရွေးလိုက်ပါ။

CCleaner Property Box ထဲရောက်ပြီဆိုရင် General အောက်က Run with highest privileges ဆိုတဲ့ Check box မှာ အမှန်ခြစ်လေးထည့်သွင်းပြီး Ok ကို နှိပ်ပေးလိုက်ပြီဆိုရင် CCleanerကိုအချိန် သတ်မှတ်ပြီး အလိုအလျောက် အလုပ်လုပ်ဆောင်နိုင်မယ့် လုပ်ဆောင်ချက် ပြီးသွားပြီ ဖြစ်ပါတယ်။