Google Hangouts

Google Hangouts ဆိုသည်မှာ ပေါင်းစပ်ထားသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုတစ်ခု ဖြစ်ပြီး ၎င်းကိုသုံးစွဲသူများမှ text, voice နှင့် video chat များအပြင် private chat နှင့် group chat များကို ပြုလုပ်နိုင်သည်။ Hangouts ကို Google+ နှင့် Gmail တွင် ထည့်သွင်းထားပြီး iOS နှင့် Android များတွင်လည်း mobile app များအနေဖြင့်လည်း အသုံးပြုနိုင်သည်။

Google Hangouts သည် လုပ်ငန်းသုံး customer များအတွက် အသုံးတည့်စေပြီး ကုန်ကျစရိတ် သက်သာစေသည့် platform တစ်ခုလည်း ဖြစ်သည်။ Hangouts တွင် Google Hangouts on Air ဟုခေါ်သည့် option တစ်ခု ပါဝင်ပြီး ၎င်းသည် Google+ သုံးစွဲသူများအား video call များကို YouTube ပေါ်တွင် တိုက်ရိုက် လွှင့်တင်ပေးနိုင်သည်။ ထို့အပြင် Hangouts on Air သည် အွန်လိုင်း အစည်းအဝေးများနှင့် ဆက်သွယ်မှုများအတွက် အဖွဲ့အစည်းများမှ အခမဲ့ အနေဖြင့် အသုံးပြုသည့် နည်းလမ်းတစ်ခု ဖြစ်လာခဲ့သည်။

Google Hangouts ကို ယခင်က Google+, Gmail နှင့် standalone Google Talk app များတွင် အသုံးပြုနိုင်သည့် chat ဝန်ဆောင်မှုနေရာတွင် အစားထိုးထားခြင်း ဖြစ်သည်။ ထို့အပြင် Hangouts ကို Google Voice နှင့် ပေါင်းစပ်ထားသောကြောင့် သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ ကွန်ပျူတာထုတ်ကုန်များမှ တစ်ဆင့် ပြည်တွင်း ဖုန်းခေါ်ဆိုမှုများကို အခမဲ့ ပြုလုပ်နိုင်မည် ဖြစ်သည်။