ASUS Zenfone များအား Firmware တင်ခြင်း

User-Guide11.jpg

Asus Zenfone တွေကို Firmware ကိုယ်တိုင် တင်နိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Asus Zenfone တွေကို Firmware တင်ဖို့အတွက် လိုအပ်တဲ့ Application တွေကိုတော့ Download ပြုလုပ်ရပါလိမ့်မယ်။ ပထမဆုံး လိုအပ်တာကတော့ Asus ဖုန်းတွေအတွက် Flash Tool ဖြစ်ပါတယ်။ Flash Tool ကိုရယူနိုင်ဖို့ အတွက် Google ပေါ်မှာ Asus Flash Tool Download လို့ရိုက်ထည့်ပြီး ရှာလိုက်ရင် ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဖော်ပြထားတဲ့ လင့်ကိုနှိပ်လိုက်ရင်တော့ ခုလိုမျိုး ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။

ဗားရှင်း နှစ်ခုရှိပါတယ်။ ကိုယ့်စိတ်ကြိုက် ဗားရှင်းကို Download ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ Download ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် ခုလိုမျိုး ထပ်မံမြင်တွေ့ ရပါလိမ့်မယ်။

Asus Flashtool Installer for Zenfone ဆိုတဲ့ စာသားကို နှိပ်လိုက်ရင် Download ပြုလုပ်ရမယ့် နေရာကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒါကတော့ အဆင့်အတိုင်းသွားတဲ့ ပုံစံပါ။ ဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ https://yadi.sk/d/K5UINtv9e9ehP ဆိုတဲ့လင့်ကို တိုက်ရိုက်သွားပြီး Download ပြုလုပ် နိုင်ပါတယ်။ ဒါဟာ နောက်ဆုံး ရောက်ရှိမယ့် Download ပြုလုပ်နိုင်မယ့် နေရာဖြစ်ပါတယ်။

Flash Tool ကိုရရှိပြီ ဆိုရင်တော့ ကွန်ပျူတာပေါ်မှာ Install ပြုလုပ်လိုက်ပါ။ Install ပြုလုပ်ပြီးသွားပြီ ဆိုရင်တော့ ကိုယ်အသုံးပြုတဲ့ Asus Zenfone အမျိုးအစားအတွက် လိုအပ်တဲ့ Firmware ဖိုင်ကို ထပ်မံပြီး Download ပြုလုပ်ပါ။ Firmware ဖိုင်ကို Download ပြုလုပ်ဖို့အတွက်  ပုံ ၂ မှာဖော်ပြခဲ့တဲ့ Flash Tool Download ရဲ့အောက်ဘက်မှာ Firmware တွေ Download ပြုလုပ်နိုင်မယ့် လင့်တွေရှိပါတယ်။ ဒီနေရာမှာပဲ Firmware ကိုဆက်လက်ပြီး Download ပြုလုပ်နိုင်ပါတယ်။ လိုအပ်တဲ့ ဖိုင်တွေ အားလုံးကို ရရှိပြီဆိုရင်တော့ ကွန်ပျူတာပေါ်မှာ ရှိနေတဲ့ Flash Tool ကိုဖွင့်လိုက်ပါ။ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။ ဖုန်းကို ကွန်ပျူတာမှာ USB စနစ်ချိတ်ဆက် လိုက်ပါ။ ချိတ်ဆက်မိသွားတဲ့ သင်္ကေတလေးတွေ ပေါ်လာပါလိမ့်မယ်။

Flash Tool နဲ့ ချိတ်ဆက်မိပြီ ဆိုရင်တော့ ပထမဆုံး Model ဆိုတဲ့ နေရာမှာ ကိုယ့်ဖုန်းရဲ့ Model ကိုရွေးချယ်ပေးပါ။ Model ဆိုတဲ့နေရာက အကွက်လေးကို နှိပ်လိုက်ရင် Model နံပါတ်တွေ အများအပြား ရှိနေပါလိမ့်မယ်။ ကိုယ့်ဖုန်းက Zenfone 5 ဆိုရင် A500CG, 4 ဆိုရင် A400CG အစရှိသဖြင့် ကိုယ်အသုံးပြုမယ့် ဖုန်းမော်ဒယ်အလိုက် ရွေးချယ်ပေးရပါလိမ့်မယ်။ ပြီးရင်တော့ Model ရဲ့ ဘေးနားမှာရှိနေတဲ့ Wipe datas ဆို တဲ့နေရာကို ကြည့်ပါ။ ဒီနေရာမှာ Yes or No တစ်ခုခုကို ရွေးချယ်ပေးရပါလိမ့်မယ်။ ဖုန်းကို အသစ်ပုံစံအတိုင်း ဖြစ်စေချင်တယ် ဆိုရင်တော့ Yes ကိုရွေးချယ် ပေးလိုက်ပါ။

ပြီးသွားရင်တော့ Wipe data ရဲ့ဘေးနားမှာ ရှိနေတဲ့ ဖိုင်ပုံစံလေးကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Firmware ဖိုင်ကို ထည့်သွင်းဖို့ အတွက်နေ ရာကိုရောက်ရှိမှာ ဖြစ်ပါတယ်။ ကွန်ပျူတာပေါ်မှာ Download ပြုလုပ်ထားတဲ့ ကိုယ်အသုံးပြုမယ့် Zenfone Firmware ဖိုင်ကိုရွေးချယ် ပေးလိုက်ပါ။

Firmware ဖိုင်ကို ရွေးချယ်ပေးပြီး သွားပြီဆိုရင်တော့ အောက်မှာရှိနေတဲ့ ဖုန်းရဲ့ Serial နံပါတ်ကို ကလစ်တစ်ချက် ထောက်လိုက်ပြီး Select လုပ်လိုက်ပါ။ ပြီးရင်တော့ အပေါ်ထိပ်မှာ ရှိနေတဲ့ Start ကိုနှိပ်လိုက်ပါ။

Tool ကနေပြီး Firmware ကိုတင်ပေးနေပါလိမ့်မယ်။ အားလုံးပြီး ဆုံးသွားတဲ့ အချိန်မှာတော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဒါဆိုရင်တော့ Zenfone ကို Firmware တင်လို့ပြီးပြီ ဖြစ်ပါတယ်။