Sony Xperia Concept Store အသစ်ဖွင့်လှစ်

IMG_9723.jpg

Sony Xperia Concept Store ကို အမှတ် – ၆၉၊ အနော်ရထာလမ်းနှင့် လသာလမ်းထောင့်၊ လသာမြို့နယ်တွင် ထပ်မံဖွင့်လှစ်လိုက်ကြောင်း၊ အဆိုပါ Xperia Concept Store သည် Sony ၏ မြန်မာပြည် တရားဝင် ဖြန့်ချိခွင့်ရ ကိုယ်စားလှယ်ဖြစ်သည့် Alpha Technology & Communication Co., Ltd. မှ ဖွင့်လှစ်သည့် တတိယမြောက် Sony Xperia Concept Store ဖြစ်ကြောင်း သိရသည်။

Sony Xperia Concept Store များတွင် Sony ၏မိုဘိုင်းဖုန်း ထုတ်ကုန်နှင့် ဆက်စပ်ပစ္စည်းများကို စိတ်တိုင်းကျ စမ်းသပ်ဝယ်ယူ နိုင်မည်ဖြစ်ပြီး Concept Store နှင့်အတူ Sony ဆားဗစ်စင်တာများကိုပါ ပူးတွဲဖွင့်လှစ် ထားကြောင်းသိရသည်။ Sony ၏ Concept Store အမှတ် ၁ နှင့် ၂ ကို ၂၀၁၄ ခုနှစ်၌ စတင်ဖွင့်လှစ်ခဲ့ပြီး ယခု ထပ်မံဖွင့်လှစ်သည့် Concept Store သည် ရန်ကုန်၌ ဖွင့်လှစ်သည့် Sony ၏ တတိယမြောက် ဆားဗစ်စင် တွဲဖက်ထားသည့် မိုဘိုင်းဖုန်း အရောင်းဆိုင် ဖြစ်သည်။