Ubuntu OS 14.04 တွင် Calcurse ကို ထည့်သွင်းခြင်း

Screenshot-at-2012-09-25-14-52-10.jpg

Calcurse ဆိုတာကတော့ Ubuntu OS အသုံးပြုသူတွေရဲ့ အမှတ်တရ အထိမ်းအမှတ်နေ့မှာ ချိန်းဆိုမှုတွေနဲ့ နေ့စဉ်လုပ်ဆောင်ရမယ့် အလုပ်တွေကို Ubuntu OS ရဲ့ Command Line ကနေ အသုံးပြုနိုင်ဖို့အတွက် ထားရှိပေးထားတဲ့ ဆောဖ့်ဝဲတစ်ခု ဖြစ်ပါတယ်။ Terminal ကနေ အသုံးပြုချင် သူများအနေနဲ့ Event တွေကို အလွယ်တကူနဲ့ မှတ်သားထားနိုင်ရန်နဲ့ မိမိချိန်းဆိုထားတဲ့ အလုပ်ကိစ္စတွေကို ကြည့်ရှုရန်အတွက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ Calcurse ကိုထည့်သွင်းဖို့အတွက် Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ  Upgrade တွေပြုလုပ်ထား သင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကိုအသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင်  Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Calcurse ကို Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo apt-get install calcurse ဆိုတဲ့ Command ပဲဖြစ်ပါတယ်။ အဆိုပါ Command ကိုရိုက်ထည့်ပြီးတဲ့ အချိန်မှာ အင်တာနက်ပေါ်ကနေ သက်ဆိုင်ရာ Package တွေကို Download ပြုလုပ်သွားပြီး တစ်ခါတည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။

Calcurse ကို ထည့်သွင်းပြီး သွားပြီဆိုရင် အသုံးပြုဖို့အတွက် Terminal မှာ calcurse ဆိုတဲ့ Command ကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Calcurse ရဲ့ Interface ပေါ်လာမှာ ဖြစ်ပါတယ်။ အဆိုပါ Calcurse Version ဟာ 3.1.4 ဖြစ်ပြီး Ubuntu OS 14.04 မှာထည့်သွင်း ထားတဲ့နည်းပဲ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ Calcurse ကို စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။