Desktop ကွန်ပျူတာ များအတွက် ဝက်ဘ်အခြေခံ ဗားရှင်းသစ်ကို Flipboard မိတ်ဆက်

1-cover-stories-on-screen-copy.jpg

ပြီးခဲ့သည့်ရက် အနည်းငယ်ခန့်က သတင်းဖတ်ရှုနိုင်သည့် app တစ်ခုဖြစ်သော Flipboard သည် ဝက်ဘ်ဆိုက်တွင်  သတင်းများ ဖတ်ရှုနိုင်ရန် ဝက်ဘ်ဗားရှင်းကို သုံးစွဲသူများ အတွက်ဖြန့်ချိ လိုက်ပြီဖြစ်ကြောင်း သိရသည်။

Flipboard ဝက်ဘ်ဆိုက် ဗားရှင်းသည် မိုဘိုင်းဗားရှင်းနှင့် ဆင်တူပြီး Cover Stories ကဲ့သို့ feature များစွာ ပါဝင်လာသည်။ ၎င်း Cover Stories feature သည်သုံးစွဲသူက ရွေးချယ်ထားသည့် သတင်း ရင်းမြစ်များစွာမှ သတင်းများကို စုစည်းပေးမည့် ဖြစ်သည်။ Flip-board ဝက်ဘ်ဗားရှင်းတွင် ထိပ်ဆုံး၌  လမ်းညွှန်ခလုတ် ခုနှစ်ခု ပါဝင်ပြီး home screen, Cover Stories အပြင် follow ပြုလုပ်ထားသည့် သတင်းရင်းမြစ်နှင့် Explore shortcut များပါဝင်သည်။ ထို့အပြင် Explore ကဏ္ဍတွင် လူအများ စိတ်ဝင်စားစေမည့် အကြောင်းအရာ ၃၄,၀၀၀ အထိ ပြသပေးမည် ဖြစ်သည်။ Flipboard အမှုဆောင် အရာရှိချုပ် မိုက်မတ်ကူးက ၎င်းဝက်ဘ်ဗားရှင်းကို လုပ်ကိုင်နေသည်မှာ နှစ်အတန် ကြာပြီဖြစ်ကြောင်း၊ ၎င်းတွင် ပါဝင်သည့် feature အများစုမှာ အစောပိုင်း ဗားရှင်းများ၌လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုအခါတွင် Flipboard ကို လစဉ်အသုံးပြုသူ ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် သန်း ၃၀ ရှိရာမှ ယခုအခါတွင် သန်း ၅၀ နီးပါး ရှိလာကြောင်း သိရသည်။

Ref: Mashable