Sylla The Lone Druid

LoneDruid_full-.jpg

Dota 2 မှာ Summon Ability တစ်ခုခုကို ပိုင်ဆိုင်ထားတဲ့ Hero အများအပြားရှိပြီး အများစုမှာ အရေအတွက်များတဲ့ Illusion, Clone နဲ့ Summon Unit တွေ အသုံးပြုနေချိန်မှာ Sylla The Lone Druid ကတော့ Spirit Bear ဆိုတဲ့ တစ်ကောင်တည်းသော Summon Unit နဲ့တင် Macro Command ကစားရတဲ့ Agility Carry Tanker Hero တစ်ကောင် ဖြစ်ပါတယ်။ Range Form နဲ့အစပြုပြီး Melee Form ဖြင့်ပါ ပြောင်းလဲ တိုက်ခိုက်နိုင်မှာ ဖြစ်တဲ့အပြင် Dota မှာ Inventory ၁၂ ကွက် အသုံးပြုလို့ရတဲ့ တစ်ကောင်တည်းသော Hero လည်းဖြစ်တဲ့ Lone Druid ဟာ Carry, Tank, Jungler, Pusher အစရှိတဲ့ Role ပေါင်းစုံနဲ့ ဆော့ကစားနိုင်မယ့်  Hero တစ်ကောင်ပဲ ဖြစ်ပါတယ်။

Background Story

လောကရဲ့  ပထမဆုံး သမိုင်းကြောင်းမှာ ရေးသားခဲ့သော ပထမဆုံး စကားလုံးမတိုင်ခင်ကတည်းက The Druidic Bear Clan ဟာ ဖြစ်တည်ခဲ့ပြီးသား ဖြစ်ပါတယ်။ သူတို့ရဲ့ ကြွယ်ဝတဲ့ ဉာဏ်ပညာကို သဘာဝတရားရဲ့  ဖြစ်တည်မှုများအပေါ် နားလည်အောင်လေ့လာတဲ့ နေရာမှာ အသုံးချလေ့ရှိပါတယ်။ သဘာဝတရားရဲ့ ရှေးဟောင်းနတ်သမီး အဖွဲ့ တစ်ခုဟာ သူတို့တွေ့ ရှိခဲ့တဲ့ အရာများစွာထဲမှာ Bear Clan ကို အများဆုံး လေ့လာခဲ့ပါတယ်။ သူတို့ဟာ ဉာဏ်ပညာမြင့်မားတဲ့ Clan ရဲ့  ခေါင်းဆောင်အကြီးအကဲ လူအိုကြီး Sylla ထံသို့ ချဉ်းကပ်ပြီး သစ်စေ့ကလေး တစ်စေ့နဲ့အတူ စကားတစ်ခွန်းကိုပါ မှာကြားခဲ့ပါ
တယ်။ “ကမ္ဘာကြီးမှေးမှိန်ပျောက်ကွယ်သွားတဲ့အခါမှာ၊ လူမှုတိုးတက်မှုတွေ ထွက်ခွာသွားတဲ့အခါမှာ၊ ကမ္ဘာမြေကြီး ရက်စက်စွာ သတ်ဖြတ်ခံလိုက်ရပြီး ကန္တာလွင်ပြင်ကြီးသာရှိတော့မယ့် လောကရဲ့ အဆုံးသတ်အချိန်ကို ရောက်သွားတဲ့အခါမှာ ဒီသစ်စေ့လေးကို စိုက်ပျိုးပေးပါ” သူ့ရဲ့ ယုံကြည်မှုကို လက်ကိုင်ထားတဲ့အလျှောက် Sylla ဟာ ခံယူချက်များ ပြန်လည်ရှင်သန်လာခဲ့ပြီး ကြီးမားတဲ့ အသိဉာဏ်များ ဟာလည်း ထိုးထွင်း သိမြင်လာခဲ့ပါတယ်။ ပြင်းထန်သော အတွင်းစိတ်ကို အစစ်အမှန် အရာဝတ္တုတစ်ခုဖြစ်လာအောင် အာရုံစူးစိုက်ကာ ဖန်တီးနိုင်ခြင်းအပြင် သူ့ရဲ့ ရုပ်ခန္ဓာကိုယ်ကိုလည်း ပုံသဏ္ဌာန်ပြောင်း လဲနိုင်စွမ်းရှိလာပါတယ်။ သိမ်မွေ့ တဲ့အသံ၊ တစ်ဆင့်စကား တစ်ဆင့်နားတို့ကနေ သစ်စေ့ကလေးရဲ့ တန်ခိုးအကြောင်းကို ပျံ့ နှံ့ စေခဲ့တဲ့အခါမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ စစ်ပွဲကြီးဖြစ်ပေါ်လာခဲ့ပြီး Bear Clan တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ပါတော့တယ်။ ဘိုးဘွားပိုင် မွေးရပ်တစ်ခုလုံး မီးလောင်ပြာကျသွားခြင်းကိုကြည့်ရင်း Sylla ဟာ ဒီမြေရိုင်းကြီးကို စွန့်ခွာဖို့ စိတ်တွေ လေးနေခဲ့ရပါတယ်။ ခေတ်တွေ ကုန်လွန်လာပြီး Bear Clan အတွင်းမှာ ဖြစ်ပေါ်နေခဲ့တဲ့ လူမှုတိုးတက်မှု၊ ရွေ့ ပြောင်းမှုများ သစ်စေ့ကလေး၊ Sylla တို့နဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတို့ကို သမိုင်းက မေ့သွားခဲ့ပါတယ်။ နတ်သမီး လေးများ ပြောခဲ့တဲ့စကားအတိုင်း Sylla ဟာ စိတ်ရှည်စွာဖြင့် သောကတို့နဲ့ ပြည့်နှက်နေတဲ့ ဒေသတို့ ငြိမ်းချမ်းမှုကို ရရှိသွားမယ့် အချိန်ကို စောင့်ပြီး၊ စောင့်ဆဲ၊ စောင့်ကာနေခဲ့ပါတယ်။ အသက်ထက် တန်ဖိုးထားသော ကတိစကားအတိုင်းပင် Sylla ဟာ အရာအားလုံးရဲ့ အဆုံးသတ်မှာ ကြုံတွေ့ ရမယ့်  အခြေအနေကို လျှို့ ဝှက်စွာဖြင့် စောင့်ကာ နေခဲ့ပြီး သူ့ရဲ့ ရည်မှန်းချက်ကို အနှောင့်အယှက်ပေးမယ့် အရာအားလုံးကို ထိပ်တိုက် ရင်ဆိုင်ကာ ဖျက်ဆီးပစ်ဖို့အချိန်တိုင်း အသင့် ပြင်ထားပါတော့တယ်။

မိမိရဲ့ Hero ကို ရွေးယူလိုက်တာနဲ့ Item မဝယ်ခင်က တည်းက lvl ယူပြီး အသုံးပြုသင့်တဲ့ Spirit Bear ဟာ ပထမအဆင့်မှာ Cooldown 180 seconds ရှိတဲ့အတွက် စောနိုင်သမျှ စောစော သုံးထားသင့်ပါတယ်။ 1400 Hp, 3 Armor ရှိတဲ့အတွက် Stout Shield နှစ်ခုလောက်နဲ့ Jungle ထဲမှာ အလွယ်ကူဆုံး Farm နိုင်မှာ ဖြစ်တဲ့အပြင် lvl တစ်ဆင့်တက်လာတိုင်းမှာ မိမိအနားကို ပြန်ခေါ်နိုင်မယ့် Return, Enemy
ရဲ့ MS ကို 0 ဖြစ်သွားစေမယ့် Entangling Claws နဲ့ Building Unit တွေကို Extra Damage သက်ရောက်စေမယ့် Demolish တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ Return ဟာ Manacost မရှိပေမယ့် Cooldown 5 seconds နဲ့ Spirit Bear အပေါ်သို့ Hero Source Damage တစ်ခုခု သက်ရောက်နေတဲ့အခါမှာ Blink Dagger ကဲ့သို့ 3 seconds ပြန်စောင့်ရမယ့် ခြွင်းချက်တစ်ခု ရှိပါတယ်။ 3 seconds Duration ကြာတဲ့ Entangling Claws ကတော့ Enemy ကို လမ်းလျှောက်လို့မရအောင် ရပ်တန့်ပေးထားမယ့် အပြင် Blink Base Ability တွေကိုလည်း အသုံးမပြုနိုင်အောင် တားပေးပြီး 60 Damage Per Second ကိုလည်း သက်ရောက်ဦးမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် 2700 Hp ဖြစ်သွားမယ့် Spirit  Bear ဟာ အဆိုပါ အဆင့်မှာရရှိမယ့် Demolish ကြောင့် 33% Magic Resistance ကိုပါ ထပ်မံရရှိမှာဖြစ်ပြီး Building တွေကို တိုက်ခိုက်တဲ့အချိန်မှာ နဂို Damage ရဲ့ 40% က အပိုဆောင်း ထပ်ပေါင်းနေမှာ ဖြစ်ပါတယ်။

Mana Cost 50 တည်းနဲ့ Lone Druid နဲ့ Spirit Bear ကို MS နဲ့ AS ကို တိုးမြှင့်စေမယ့် Rabid ကတော့ နောက်ဆုံးမှ တင်သင့်တဲ့ Ability တစ်ခုဖြစ်ပါတယ်။ Duration 10 seconds ရှိပေမယ့် တစ်ဆင့်တင်မှ 5% MS နဲ့ 10 Attack Speed ကိုသာ ရရှိမှာဖြစ်လို့ အစောပိုင်းမှာ တစ်ဆင့်၊ နှစ်ဆင့်လောက်တင်လည်း ထူးခြားမှု သိပ်မရှိတဲ့အတွက် တတိယမြောက် Ability Synergy ဟာ ပိုဦးစားပေး တင်သင့်ရခြင်း ဖြစ်ပါတယ်။

Synergy တစ်ဆင့် တင်လိုက်တိုင်းမှာ Spirit Bear မှာ +10 Damage နဲ့ +10 Movement Speed, Rabid မှာ +10 Duration အပြင် Ultimate True Form မှာ 100 Bonus Hp ဆီ တိုးသွားမှာ ဖြစ်ပါတယ်။ Synergy ၄ ဆင့် ယူပြီးတဲ့အချိန်မှာ lvl 4 Spirit Bear ဟာ ပျှမ်းမျှ 73 Damage, 380 Movement Speed ဖြစ်သွားမှာဖြစ်လို့ Bear ရဲ့ အသုံးဝင်မှုကို အမြင့်ဆုံး အခြေအနေကို ရောက်ရှိစေမှာ ဖြစ်ပါတယ်။ Cooldown 30 seconds ရှိတဲ့ Rabid ဟာလည်း Duration 50 seconds အထိ ကြာမြင့်သွားစေမှာဖြစ်ပြီး Ultimate True Form ကိုလည်း ပိုမို Tank သွားစေမယ့် 400 Bonus Hp ကို အသီသီး
တိုးပြီး ရရှိသွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် lvl အနိမ့်ပိုင်းမှာ Spirit Bear ကို မှီခိုရတဲ့ Lone Druid အနေနဲ့ lvl 8 အရောက်မှာ Synergy ကို အဆုံးထိရောက်အောင် တင်ထားရခြင်း ဖြစ်ပါတယ်။

Lone Druid ဟာ Shadow Fiend နဲ့ Lvl တင်ရပုံခြင်း ဆင်တူတဲ့အလျောက် Ultimate True Form ကိုလည်း Spirit Bear နဲ့ Synergy ဂိတ်ဆုံးသွားမှ တင်သင့်ပါတယ်။ True Form ဟာ 250/ 400/600 Hp, 4/
6/8 Armor အစရှိတဲ့ Bonus တွေ ရရှိမယ့်အပြင် အရေးကြီးတဲ့ Base Attack Time ကိုလည်း 1.7 ကနေ 1.5 အထိ ကျသွားမယ့် အကျိုးကျေးဇူးများ ရရှိမှာ ဖြစ်ပေမယ့် အားနည်းချက်ကတော့ Sylla ရဲ့ Base Movement Speed 325 ထဲကနေ 45 MS ကို နုတ်ပစ်လိုက်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်ဖိနပ်တစ်ရန် စီးထားတဲ့ အခြေအနေမျိုးမှာ -45MS နုတ်ခြင်းက သိသာတဲ့ ထိုးနှက်မှုဖြစ်လို့ Lone Druid lvl 9 ရောက်မှ တင်မယ်ဆိုရင်လည်း မမှားတဲ့ Ultimate ဖြစ်ပါတယ်။ ဒါပေမဲ့ Rabid ၄ ဆင့် စလုံးတင်ပြီးသွားတဲ့ အခြေအနေမျိုးမှာတော့ 20% Movement Speed ပြန်လည် ရရှိမှာဖြစ်လို့ အဆိုပါ -45 MS ကို ပြန်လည်ကာမိ သွားမှာ ဖြစ်ပါတယ်။

Spirit Bear ဟာ Inventory ၆ ကွက်ရှိလို့ အားသာနေပေမယ့် အားနည်းချက်များစွာလည်း ရှိပါသေးတယ်။ Attribute ပါဝင်ခြင်း မရှိတဲ့အတွက် Yasha, Sange, Ultimate Orb ကဲ့သို့ Attribute Item တွေအစား Sylla ရဲ့ 1100 Range အကွာအဝေးကို ရောက်သွားရင်လည်း Physical Attack လုပ်လို့ မရတော့ခြင်း၊ Gem သယ်ဆောင်ထားသော်လည်း True Sight မမြင်ရခြင်း၊ Aegis သယ်ယူလို့မရခြင်း၊ Rune
စားလို့ မရခြင်းနဲ့ အသတ်ခံရတဲ့အခါမှာ 140/180/230/270 Damage ဟာ Sylla ကို သက်ရောက်စေမယ့်အပြင် 300 Bounty Gold ပေးရမယ့် အားနည်းချက်များလည်း ရှိပါတယ်။ Entangling Claws ဟာ Unique Attack Modifier မဟုတ်တဲ့အတွက် Orb of Venom, Skadi, Mjollnir တို့ကို လွတ်လပ်စွာ ရွေးချယ်နိုင်ပြီး Frozen Throne Dota နဲ့ မတူတဲ့အချက်ကတော့ Skull Basher ကို လွတ်လပ်စွာ ဆက်နိုင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ True Form ပြောင်းလဲထားချိန်မှာရရှိမယ့် Ability Battle Cry ကြောင့် Bonus Damage နဲ့ Armor ကို Bear ၂ ကောင်စလုံးအပြင် Lone Druid ရဲ့ Control Unit အားလုံး 6 seconds ရရှိမှာ ဖြစ်တဲ့အတွက် Ultimate နဲ့ Rabid အသုံးပြုထားချိန်မှာ လိုအပ်တဲ့ Bonus Hp, Armor, Damage အတွက် ပူစရာမလိုတဲ့ Hero တစ်ကောင် ဖြစ်ပါတယ်။ အဓိကကျတဲ့ Entangling Claws ဟာ Psuedo Random Chance အမျိုးအစားဖြစ်လို့ Attack Speed များများရှိဖို့ လိုအပ်တဲ့အတွက် Assault Cuirass, Mjollnir ကဲ့သို့ Item တွေကိုလည်း ရွေးချယ်နိုင်ပါတယ်။ တစ်ဖက်အသင်းမှာ ပွဲကြာလာရင် သတိထားရမယ့် Hard Carry မျိုး ပါဝင်လာတဲ့ အခြေအနေမျိုးမှာ Lone Druid ကို ရွေးချယ်ပြီး အစောပိုင်း Pusher တစ်ကောင်လို အသုံးပြုနိုင်တဲ့အပြင် ပွဲကြာသွားသည့်တိုင်အောင် Inventory ၁၂ ကွက်နဲ့ ပြန်လည် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမှု မိမိနှစ်သက်သော ကစားကွက်သာလျှင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

yahooyeeha (www.myanmardota2.com)