Dota 2 ဂိမ်းကစားသူ ၁ သန်းကျော် ရှိလာ

11001782_10152727119652825_3848818369272223111_n.jpg

Dota 2 ဂိမ်းကို တစ်ချိန်တည်းတွင် တစ်ပြိုင်နက် ကစားသူဦးရေသည် စနေ၊ တနင်္ဂနွေ ပိတ်ရက်အပြီးတွင် တစ်သန်းကျော်ရှိခဲ့ပြီး ၁,၀၇၅,၄၆၄ ဦးအထိ ရှိခဲ့ကြောင်းနှင့် ၎င်းသည် Steam ပေါ်တွင် ကစားသူဦးရေအများဆုံး ဂိမ်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Stream နှင့် Game Stats စာမျက်နှာတွင် ဖော်ပြထားချက်အရ Counter Strike: Global Offensive ဂိမ်းက ကစားသူဦးရေ ၄၃၃,၅၄၂ ဖြင့် Dota 2 ၏အောက် ဒုတိယနေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကိန်းဂဏန်းသည် Dota 2 အတွက် အံ့အားသင့်စရာ ဖြစ်သော်လည်း MOBA League of Legends ကို ကစားသူဦးရေ ၇.၅ သန်းကိုမီရန် များစွာ လိုအပ်နေသေးသည်။

Dota 2 ဂိမ်းကစားသူဦးရေ မြင့်တက်ခြင်းသည် Year Beast Brawl game mode နှင့် Crystal Maiden အတွက် Arcana သစ်တို့ ပါဝင်သည့် New Bloom Festival event စတင်ချိန်နှင့် တိုက်ဆိုက်လျက်ရှိသည်။

Ref: IGN