Windows Command Prompt ကို Disable ပြုလုပ်ခြင်း

disable-command-prompt-default-key.jpg

Command Prompt ဟာ Windows Opearting System ရဲ့အရေးကြီးတဲ့ Tool တစ်ခု ဖြစ်ပါတယ်။ Command Prompt ကနေ Batch File နဲ့ Operating System ရဲ့အခြားသော လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်တဲ့အတွက် Windows ရဲ့အဆင့်မြင့် Tool တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ Command Prompt ကို အခြားသူတွေဝင်ရောက် အသုံးမပြု စေချင်ဘူးဆိုရင် Disable ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။

Command Prompt ကို Disable ပြုလုပ်ဖို့အတွက် Group Policy ကနေ Disable ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Group Policy ကနေ Disable ပြုလုပ်မယ်ဆိုရင် Group Policy ကို အသုံးပြုခွင့် ရှိနေသူတွေအနေနဲ့ Settings ကိုပြန်လည် ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Group Policy က မပိတ်ချင် သူတွေအတွက်တော့ Registry ကနေ Windows Command Prompt ကို Disable ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Group Policy ကနေ Disable ပြုလုပ်ချင်သူတွေအနေနဲ့ Win + R ကို နှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ။ ပြီးသွားပြီဆိုရင် gpedit.msc ဆိုတဲ့ Command ကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် Group Policy ပွင့်လာမှာ ဖြစ်ပါတယ်။ Group Policy Box ကျလာပြီဆိုရင် User Configuration > Admi-nistrative Templates > System အစရှိတာတွေကို အဆင့်လိုက်သွားပါ။ ပြီးသွားပြီဆိုရင် System အောက်မှာမှ Prevent access to the command prompt ဆိုတာကို Double Click  နှိပ်လိုက်ရမှာ ဖြစ်ပါတယ်။ Default အရ Not Configured ဆိုတာကို ရွေးထားမှာ ဖြစ်ပါတယ်။ Command Prompt ကိုပိတ်မှာ ဖြစ်တဲ့အတွက် Enable ကို ရွေးချယ်လိုက်ပါ။ ပြီးသွားပြီဆိုရင် Disable the Command Prompt Script Processing Also? ဆိုတဲ့ နေရာမှာ Yes ကို ရွေးချယ်ပေးလိုက်ရမှာ ဖြစ်ပါတယ်။ ပြီးသွားရင် Ok ကို နှိပ်ပြီး Group Policy က နေထွက်လိုက်ရင် Command Prompt ကိုခေါ်တဲ့ အခါမှာ ဘယ် Command မှ ရိုက်ထည့်လို့ မရတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

အကယ်၍ Registry ကနေ ပိတ်ချင်သူတွေအနေနဲ့ Run Box မှာ Regedit လို့ ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ Registry Editor ကျလာရင် အောက်ဖော်ပြပါ လမ်းကြောင်းအတိုင်း ရွေးချယ်ပါ။ HKEY_CURRENT_USER\Soft-ware\Policies\Microsoft\Win-dows\System ဆိုတဲ့ လမ်းကြောင်းအတိုင်း ရွေးချယ်ပေးပြီး သွားပြီဆိုရင် System အောက်က DisableCMD ဆိုတာကို Double Click ပြုလုပ်ရမှာ ဖြစ်ပါတယ်။ DisableCMDကို Double Click ပြုလုပ်လိုက်ရင် မူလတန်ဖိုးကို “0” အဖြစ် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ Command Prompt ကို Disable ပြုလုပ်မှာ ဖြစ်တဲ့အတွက် Value Data မှာ 1 ဒါမှမဟုတ် 2 ဆိုပြီး ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားပြီ ဆိုရင်တော့ Ok Button ကို နှိပ်ပြီး Registry Editor ကနေ ထွက်ရမှာ ဖြစ်ပါတယ်။ အထက်ဖော်ပြပါ အဆင့်နှစ်ခုလုံးမှာ တစ်နည်းမဟုတ် တစ်နည်းကို အသုံးပြုပြီး Command Prompt ကို Disable ပြုလုပ်ထားနိုင်မှာ ဖြစ်ပါတယ်။