Madware

Madware ဆိုသည်မှာ စမတ်ဖုန်းနှင့် tablet ကွန်ပျူတာများပေါ်တွင် သက်ရောက်မှုရှိသည့် ကြော်ငြာ အမျိုးအစား တစ်ခု ဖြစ်သည်။ Madware ဟူသောအမည်သည် mobile နှင့် adware စကားလုံးတို့ကို ပေါင်းစပ်ရာမှ ဖြစ်ပေါ်လာသည်။ လုံခြုံရေး ကုမ္ပဏီ Symantec ကမူ အဆိုပါ ကြော်ငြာ အမျိုးအစားသည် လက်ရှိတွင် Android စမတ်ဖုန်းများနှင့် tablet များပေါ်တွင် သက်ရောက်မှုရှိကြောင်း ဖော်ပြခဲ့သည်။

ပုံမှန်အားဖြင့် end user တစ်ဦးက အခမဲ့ mobile app အတွက် ကြော်ငြာများကို ခွင့်ပြုလိုက်သည့်အခါ madware ကို ၎င်းထုတ်ကုန်ပေါ်တွင် install ပြုလုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ Symantec ၏ ဖော်ပြချက်အရ Google Play app sotre ရှိ အခမဲ့ app ၂၅ ရာခိုင်နှုန်းတွင် madware ပါဝင်ကြောင်း သိရသည်။ အချို့သော madware များသည် spyware ကဲ့သို့ လုပ်ဆောင်နိုင်သောကြောင့် end user ၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ခြင်းအပြင် သုံးစွဲသူ၏ ဆန္ဒမရှိဘဲ ထုတ်ကုန်ပေါ်တွင် ဖုန်း dial tone ကို ကြော်ငြာ အသံဖိုင်ဖြင့် အစားထိုးခြင်း၊ ကြော်ငြာများဖြင့် တမင်ဖုံးကွယ်ခြင်း၊ ထုတ်ကုန်တွင် ကြော်ငြာ text message အများအပြား ထည့်သွင်းခြင်း၊ ထုတ်ကုန်၏ ဖုန်းနံပါတ်နှင့် တည်နေရာကို စုဆောင်းခြင်း၊ ထုတ်ကုန်၏ notification bar ပေါ်တွင် ကြော်ငြာ ထည့်သွင်းခြင်း၊ ထုတ်ကုန်၏ screen ပေါ်တွင် icon နှင့် shortcut များ ထည့်သွင်းခြင်း စသည်တို့ကို ပြုလုပ်နိုင်သည်။

Madware သည် သုံးစွဲသူကို စိတ်အနှောင့်အယှက် ဖြစ်စေရုံသာမက message သုံးစွဲခနှင့် data သုံးစွဲခတို့ကိုပါ ပိုမိုကုန်ကျစေနိုင်သည်။ ထို့အပြင် madware သည် end user ၏ ID ကို ခိုးယူနိုင်သောကြောင့် အချက်အလက်များကို ရယူစုဆောင်းပြီး data broker ထံ ရောင်းချခံရနိုင်သည်။