ERP System အကြောင်း ဟောပြောပွဲကျင်းပမည်

10985237_782747861807135_3164367854362548393_n.jpg

ERP System အကြောင်း ဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်၊ မွန်းလွဲ ၁ နာရီတွင် MICT Park အတွင်း၌ ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့တက်ရောက်နိုင်ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မျက်မှောက်ခေတ် ပွင့်လင်းလာသော စီးပွားရေး လုပ်ငန်းများတွင် မရှိမဖြစ် အရေးပါလာသည့် ICT အသုံးပြုမှုများမှ ERP System ဟု လူသိများသော Enterprise Resource Planning စနစ် ဖြစ်ပေါ်လာပုံနှင့် တိုးတက်ပြောင်းလဲလာပုံ၊ ယနေ့မြန်မာနိုင်ငံ၏ ERP System အသုံးပြုမှုဈေးကွက် အနေအထား၊ မတူညီသော စီးပွားရေးလုပ်ငန်းအသီးသီးတွင် ERP System အသုံးပြုမှု ကွာခြားချက်များနှင့် အကျိုးပြုပုံများ၊ ERP System ကို စီးပွားရေး လုပ်ငန်းများတွင် အကောင်အထည်ဖော် တည်ဆောက်လုပ်ဆောင်ပုံ အဆင့်ဆင့်နှင့် အောင်မြင်မှု များ၊ လေ့လာ မှတ်သားစရာနှင့် အကြံပြုချက်များကို သိရသည်။ ဦးဝင်းဇော် (Chief Technology Officer, Frontier Technology Partners) မှ ဆွေးနွေးရှင်းလင်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။

ERP System ကို စိတ်ပါဝင်စားသူ စီးပွားရေးလုပ်ငန်းရှင်များ၊ နည်းပညာကုမ္ပဏီများတွင် ၀င်ရောက် လုပ်ကိုင်နေသူ လူငယ်များ၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များ၊ IT Diploma များ တက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူများနှင့် IT ကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့တက်ရောက်နိုင်မည်ဖြစ်သည်။

ဟောပြောပွဲနေ့တွင် Recruitment Programme ပါဝင်မည်ဖြစ်ပြီး Frontier Technology Partners မှ Job Vacancy များကို လျှောက်ထားလိုသူများအတွက် CV Form များ လက်ခံပေးသွားမည် ဖြစ်ကြောင်းသိရသည်။ တက်ရောက်လိုသူများသည် Royal Link Events Services၊ ဖုန်း- ၀၉၂၅၉၀၁၇၀၈၄ သို့ ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။