Data loss prevention

Data loss prevention (DLP) ဆိုသည်မှာ corporate network အပြင်ဘက်သို့ end user များမှ အရေးကြီးသည့် အချက်အလက်များ ပေးပို့မှု မပြုလုပ်နိုင်ရန် အသေအချာပြုလုပ်ထားသော နည်းဗျူဟာတစ်ရပ် ဖြစ်သည်။ အဆိုပါ အသုံးအနှုန်းကို software ထုတ်ကုန်များမှာ အသုံးပြုလေ့ရှိပြီး network administrator တစ်ဦးမှ end user များ ရွှေ့ပြောင်းနိုင်သော အချက်အလက်များကို စီမံထိန်းချုပ်ရာတွင် အထောက်အကူ ဖြစ်စေသည်။

DLP ကို data leak prevention, information loss prevention နှင့် extrusion prevention ဟူ၍လည်း ခေါ်ဆိုကြသည်။ DLP software ထုတ်ကုန်များသည် အသုံးပြုသူများမှ ဖွင့်ဟထုတ်ဖော်ခြင်း မရှိသော အရေးကြီး အချက်အလက်များကို စီးပွားရေးလုပ်ငန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဆေးရာတွင် အသုံးပြုသည်။ ၎င်း software သည် Social Security နှင့် credit card နံပါတ်များကဲ့သို့သော content များအတွက် အသုံးတည့်သော်လည်း administrator တစ်ဦးမှ ဥာဏမူပိုင်ခွင့်ကဲ့သို့သော အခြား အရေးကြီး အချက်အလက်များကို ဖော်ထုတ်ခွဲခြားရာတွင် အားနည်းလေ့ရှိသည်။ DLP software tool များကို ထိထိရောက်ရောက် အသုံးချရာတွင် end user တစ်ဦးအနေဖြင့် အရေးကြီးသော အချက်အလက်များကို မတော်တဆ ပေးပို့မှုများအတွက် ကာကွယ်တားဆီးပေးနိုင်သည်။