Viber ကို လစဉ်သုံးစွဲသူဦးရေ ၂၃၆ သန်းရှိလာ

10530949_10152719256442825_6331954407911496748_n.jpg

ဂျပန်နိုင်ငံ၏ အကြီးဆုံး e-commerce ကုမ္ပဏီဖြစ်သော Rakuten Inc ၏ စတုတ္ထသုံးလပတ် အမြတ်ငွေသည် ၇၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး Viber ကို လစဉ်သုံးစွဲသူဦးရေမှာလည်း ၂၃၆ သန်းအထိ မြင့်လာခဲ့ကြောင်း သိရသည်။

Rakuten ၏ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အမြတ်ငွေသည် ယန်း ၃၃.၂၈ ဘီလီယံအထိ ရှိခဲ့ပြီး လေ့လာဆန်းစစ်သူများ ခန့်မှန်းထားသည့် ယန်း ၃၁.၂ သန်းထက် သာလွန်ခဲ့သည်။

လွန်ခဲ့သည့် တစ်နှစ်ခန့်က ဒေါ်လာ သန်း ၉၀၀ ဖြင့် ဝယ်ခဲ့သည့် Viber messaging app ကို လစဉ်သုံးစွဲသူ ဦးရေမှာလည်း စတုတ္ထသုံးလပတ်တွင် ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ၂၃၆ သန်းအထိ ရှိလာခဲ့သည်။

Rakuten ၏ တစ်နှစ်ပတ်လုံး အမြတ်ငွေသည် ၁၇.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ယန်း ၁၀၆.၄ သန်းအထိ ရှိလာခဲ့သည်။

Ref: Reuters