နားကြပ်နှင့် စမတ်လက်ပတ်များကို အမေရိကန်တွင် ရောင်းချရန် Xiaomi စီစဉ်နေ

10349129_10152719224017825_2604351240190585346_n.jpg

တရုတ်စမတ်ဖုန်းကုမ္ပဏီဖြစ်သော Xiaomi သည် ၎င်း၏ ထုတ်ကုန်များကို အမေရိကန်တွင် လအနည်းငယ်အတွင်း အွန်လိုင်းမှတစ်ဆင့် စတင်ရောင်းချရန် စီစဉ်နေကြောင်း ကြေညာခဲ့သည်။

အမေရိကန်တွင် အွန်လိုင်းမှတစ်ဆင့် ရောင်းချမည့် ထုတ်ကုန်များ၌ Mi, Mi Note နှင့် Redmi စမတ်ဖုန်းများနှင့် Mi Pad tablet တို့မပါဝင်ဘဲ နားကြပ်များ၊ Mi Band စမတ်လက်ပတ်များနှင့် အခြားသော တွဲဖက်ပစ္စည်း အသုံးအဆောင်များကိုသာ ရောင်းချသွားမည်ဟု ကုမ္ပဏီမှ ကြေညာခဲ့သည်။

အဆိုပါ အွန်လိုင်းမှတစ်ဆင့် ထုတ်ကုန်များ ရောင်းချရန် စီစဉ်ခြင်းသည် Xiaomi ၏ အမေရိကန် ဈေးကွက်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသည့် ပထမဦးဆုံး ခြေလှမ်းတစ်ရပ် ဖြစ်သည်။ တရုတ်နိုင်ငံ၏ Apple ဟု တင်စားခေါ်ဝေါ်ခံရသည့် Xiaomi သည် ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့် ထုတ်ကုန်များကို ထုတ်လုပ်ရောင်းချနေသည့် ကုမ္ပဏီဖြစ်သည်။ ၎င်း၏ ထုတ်ကုန်တန်ဖိုးသည် ပြိုင်ဘက် ထုတ်ကုန်များ၏ တန်ဖိုးထက် ထက်ဝက်ခန့်သာရှိသည်။ အဆိုပါ ကုမ္ပဏီသည် ကမ္ဘာ့တန်ဖိုးအရှိဆုံး starup တစ်ခု ဖြစ်လာခဲ့ပြီး ကုမ္ပဏီ၏ တန်ဖိုးက အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံရှိလာခဲ့သည်။

Google အမှုဆောင်အရာရှိချုပ်ဟောင်း ဟူဂိုဘာရာသည် ၂၀၁၃ ခုနှစ်တွင် Xiaomi နှင့် ပူးပေါင်းကာ ကုမ္ပဏီ၏ ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။

၂၀၀၅ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် Xiaomi သည် လေးနှစ်ခွဲကာလတွင် များစွာတိုးတက်ပြောင်းလဲလာခဲ့ပြီး Google ၏ Android OS ၏ မူကွဲတစ်ခုဖြစ်သော MIUI operating system ကို အသုံးပြုသူဦးရေ သန်း ၁၀၀ ကျော် ရှိလာခဲ့သည်။

လက်ရှိတွင် Xiaomi သည် တရုတ်နိုင်ငံ၏ စမတ်ဖုန်းရောင်းချမှုတွင် ဦးဆောင်လျက်ရှိပြီး လစဉ် activate ပြုလုပ်သည့် Android ဖုန်း ၈ လုံးတွင် ၅ လုံးမှာ Xiaomi စမတ်ဖုန်းများ ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

Ref: CNET