DYING LIGHT

maxresdefault-1.jpg

Dying Light ဂိမ်းသစ်ဟာ ဇွန်ဘီဖုတ်ကောင်ဂိမ်းတွေဖြစ်တဲ့ Dead Island ဂိမ်းစီးရီးနဲ့ နာမည်ကြီးလာတဲ့ Polish video game developer Techland ကနေ ရေးဆွဲထားတဲ့ ဂိမ်းသစ်ဖြစ်ပြီး first person viewpoint ကနေ ကစားရမယ့် Horror Action ဂိမ်းသစ် ဖြစ်ပါတယ်။ Developer Techland ရဲ့  ပြောကြားချက်အရ Publisher Deep Silver အတွက် Dead Island ဂိမ်းကို ရေးဆွဲပေးနေတဲ့အချိန်မှာ ဂိမ်းဖန်တီးမှုအပိုင်း သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် Dead Island: Riptide အပြီးမှာတော့ Warner Bros.Interactive အတွက် Zombie ဂိမ်းသစ်ရေးဆွဲပေးဖို့ စီစဉ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ Techland အနေနဲ့
Dying Light ဂိမ်းအတွင်းမှာ အရင်ကတည်းက ထည့်သွင်းပေးချင်ခဲ့တဲ့ စိတ်ဝင်စားစရာ gameplay ပုံစံသစ်တွေအပြင် စိတ်ကြိုက်ဖန်တီးမှုအသစ်တွေကို ထည့်သွင်းနိုင်ခဲ့တာကြောင့် story ပိုင်းနဲ့ graphics ပိုင်း သာမကဘဲ သွက်လက်တဲ့ gameplay ပိုင်းတွေနဲ့ပါ zombie ဂိမ်းပရိသတ်ကို ဆွဲဆောင်နိုင်မယ့် ၂၀၁၅ ခုနှစ်ရဲ့  စိတ်ဝင်စားစရာအကောင်းဆုံး  ဂိမ်းသစ်တစ်ခုအဖြစ် တွေ့ ရမှာပါ။

Dying Light ဂိမ်းကို အခြား open world, zombie ဂိမ်းတွေနဲ့ ပုံစံမတူ ကွဲထွက်သွားစေတဲ့ အချက်ကတော့ တိုက်တွေပေါ်မှာ လျင်မြန်ဖျတ်လတ်စွာ ခုန်ပျံကျော်လွှား သွားလာနိုင်တဲ့ Mirror’s Edge ဂိမ်းထဲကလို Parkour free running gameplay ပဲ ဖြစ်ပါတယ်။ Gameplay ပိုင်းကို အသေးစိတ် မသွားသေးဘဲ story ပိုင်းကို အရင်ကြည့်မယ်ဆိုရင်တော့ ကစားသူဟာ လျှို့ ဝှက် undercover operative တစ်ယောက်ဖြစ်တဲ့ Kyle Crane နေရာကနေ ကစားရမှာဖြစ်ပြီး ဇွန်ဘီဖုတ်ကောင်တွေ ပြည့်နှက်နေတဲ့ Harran မြို့အတွင်းမှ ပုန်းအောင်းနေတဲ့ agent ဟောင်းတစ်ယောက်ဖြစ်တဲ့  Kadir “Rais”Sulaiman ကို ရှာဖွေဖို့ ကြိုးစားပုံ
ဇာတ်လမ်းဆင်ထားပါတယ်။  ဖုတ်ကောင်တွေနဲ့ ရင်ဆိုင်ရပြီးနောက် Harris Brecken ခေါင်းဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူ survivor အဖွဲ့ရဲ့ ကယ်တင်ခြင်းခံရပြီး နောက်မှာတော့ သူ့ရဲ့ အဓိကတာဝန်ကို ဦးစားပေးထမ်းဆောင်မလား၊ မြို့ သူမြို့ သားတွေကို ကူညီဖို့ ကြိုးစားမလားဆိုတာကို ရွေးချယ်ရမှာဖြစ်သလို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလှည့်ကွက် အနည်းငယ်လည်း ပါဝင်ထားပါတယ်။

Kyle Crane အနေနဲ့ မြို့ တွင်းက ဒုက္ခသည်တွေကို ကူညီရတဲ့ mission တွေ၊ supplies တွေရှာရတဲ့ missions တွေမှာ freerunning gameplay ကို အဓိက အသုံးပြုရတဲ့ အချက်ကတော့ နောက်ကနေ ဖုတ်ကောင်တွေ အမြန်လိုက်နေလို့ပဲ ဖြစ်ပါတယ်။ နေ့ခင်းဘက် အချိန်မှာထက် ညဘက်မှာ ပိုပြီးတော့ အန္တရာယ်များတဲ့ ရန်သူတွေပေါ်လာမှာဖြစ်ပြီး Volatiles (Nightmares) လို့ခေါ်တဲ့ zombie  class တွေက သာမန်ကောင်တွေထက် အပြေးမြန်ကာ နောက်ကနေ အဖော်တွေခေါ် ပြီး လိုက်မှာမို့လို့ အဆောက်အဦတွေ၊ ခေါင်မိုးတွေပေါ်ကနေ ကျော်လွှားပြီး သွားလာရတဲ့ အပိုင်းတွေက စိတ်ဝင် စားဖို့ ကောင်းပါတယ်။ ညဘက် mission တွေလုပ်ရင်လည်း experience point ပိုရတဲ့ အတွက် ကစားရတာ ပိုခက်ပြီး rewards လည်းပိုရတဲ့ game-play ပါဝင်ထားသလို “Be the Zombie” လို့ခေါ်တဲ့ game mode ကနေ zombie class အကောင်ဆန်းတွေကို ကိုင်တွယ်ပြီး အခြားကစားသူတွေကို လိုက်တိုက်ခိုက်နိုင်ပါသေးတယ်။ LAN ချိတ်ပြီးလည်း ကစားလို့ရတဲ့အတွက်  ဂိမ်းတွေ ကစားဖို့ အဆင်ပြေအောင် စက်ကောင်းကောင်း ဆင်ထားတဲ့သူတွေ ပေါင်းပြီး ကစားမယ်ဆိုရင်တော့ ပျော်ဖို့ကောင်းမှာပါ။ Requirements တွေကတော့ သာမန်ထက်နည်းနည်းမြင့်လို့ Left 4 Dead  တုန်းကလိုတော့ ဂိမ်းဆိုင်အများစုမှာ ချိတ်ကစားဖို့ အဆင်မပြေလောက်သေးပါဘူး။ အမြန်ပြေးတာအပြင် special ability တွေလည်း ပိုင်ဆိုင်ထားတဲ့ Night Hunter လို အကောင်တွေကိုင်ပြီး ကစားရတာလည်း တော်တော်လေး မိုက်ပါတယ်။

Exp. points အသုံးပြု ပြီး level တင်ရတဲ့ စနစ်လည်း ပါဝင်သလို level မြင့်လာတာနဲ့အမျှ ပိုအားပြင်းတဲ့ အနီးကပ် melee လက်နက်တွေ ကိုင်နိုင်မှာ ဖြစ်သလို အရင်ထက်လည်း ပိုပြီး ကြာကြာ အသုံးခံ လာနိုင်တာ တွေ့ ရပါတယ်။ လက်နက်မျိုးစုံ ပေါင်းစပ်နိုင်မှာဖြစ်ပြီး Dead Island ကလို workbench မလိုတော့ဘဲ လမ်းပေါ်မှာတင် Combo Weapon တွေ ဖန်တီးနိုင်ပါတယ်။ Spiked bats, Electrified shovels နှင့် Fireenhanced knives အစရှိတဲ့ Combo Weapon လက်နက်မျိုးစုံ ပါဝင်သလို ထောင်ချောက်မျိုးစုံ ဆင်နိုင်တဲ့ အကွက်တွေလည်း ပါဝင်လို့ co-op mode မဆော့ဘဲ single player အနေနဲ့ ကစားမယ်ဆိုလည်း အဆင်ပြေပါတယ်။ Graphics ပိုင်းနဲ့အတူ lighting effects နှင့် dynamic wea-ther effect တွေကလည်း အထူးကောင်းမွန်ပါတယ်။  Low settings ရဲ့  graphics ကတောင် အရင် Zombie ဂိမ်းအများစုရဲ့  graphics ပိုင်း၊ zombie character model နှင့် texture ပိုင်းတွေထက် အများကြီးပိုပြီး ကြည့်ကောင်းနေမှာပါ။

Dying Light ဂိမ်းဟာ developer Tech Land  ရဲ့  Zombie ဂိမ်းတွေထဲမှာ အကောင်းဆုံး ဂိမ်းဖြစ်တာတွေ့ ရပြီး Techland အနေနဲ့ Dying Light ဂိမ်းရဲ့ story DLC နှင့် လက်နက်သစ်တွေကို ဆက်လက် ဖန်တီးနေဆဲဖြစ်သလို Dead Island ဂိမ်းတွေရဲ့  ပိုင်ရှင် Deep Silver အနေနဲ့လည်း Yager Development နှင့်အတူ Dead Island 2 ဂိမ်းကို ၂၀၁၅  နှစ်လယ်မှာ ဆက်လက်ဖြန့်ချိသွားဦးမှာ ဖြစ်ပါတယ်။