-.jpg)
Tablet ပုံစံဒီဇိုင်းဖြင့် ထုတ်လုပ်ထားသည့် AEK အမှတ်တံဆိပ် Portable EVD Player ဖြစ်သည်။ စားပွဲပေါ်တွင် ထောင်ကာ အသုံးပြုနိုင်မည့်အပြင် ပေါင်ပေါ်တင်သုံးခြင်းနှင့် လက်ဆွဲအနေဖြင့်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ မြင်ကွင်းအရွယ်အစား ၉.၈ လက်မရှိပြီး TFT LED Display အမျိုးအစား ဖြစ်သည်။ ၃ လက်မ စပီကာကို ထည့်သွင်းထားသည့်အတွက် အသံထွက် ကျယ်လောင်မှုရှိမည်ဖြစ်ပြီး DVD, VCD, MP3, MP4, MP5, WMA, MPEG, AVI, VOB, DIVX, JPEG format အမျိုးအစား အခွေမျိုးစုံ ထည့်သုံးနိုင်မည် ဖြစ်သည်။ HDMI, USB, SD Card ပေါက်၊ AV input နှင့် AV output ပေါက်များအပြင် TV tuner စနစ်နှင့် FM ရေဒီယိုစနစ်များလည်း ထောက်ပံ့ပါဝင်မည် ဖြစ်သည်။ Lithium ဘက်ထရီ Built-in အနေဖြင့် ပါဝင်ပြီး ဘက်ထရီဖြင့်ပင် ၃ နာရီဝန်းကျင်ခန့် အသုံးပြုနိုင်မည် ဖြစ်သည်။ အပြာ၊ အနီ၊ ရွှေ အရောင်သုံးမျိုးဖြင့် ထုတ်လုပ်ထားသည်။ တန်ဖိုးမှာ ၅၅,၀၀၀ ကျပ် ဝန်းကျင်ဖြစ်ပြီး အမြို့ မြို့ အနယ်နယ်ရှိ စူပါမားကတ်များ၊ အီလက်ထရွန်းနစ် အရောင်းဆိုင်များနှင့် AEK အရောင်းပြခန်း ဖုန်း- ၀၁၉၀၀၀၂၃၂ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။