data scrubbing (data cleansing)

Data cleansing ဟူ၍လည်း ခေါ်ဆိုနိုင်သည့် data scrubbing ဆိုသည်မှာ database တစ်ခုအတွင်းရှိ မမှန်ကန်သော၊ မပြည့်စုံသော၊ ပုံတူပွားနေသော အချက်အလက်ကို ပြုပြင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းကို ခေါ်ဆိုသည်။ အဖွဲ့အစည်းတစ်ခုရှိ ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစသည့် အချက်အလက်ပမာဏ များပြား နယ်ပယ်များတွင် data scrubbing tool ကို အသုံးပြုကာ အားနည်းချက်များအတွက် အချက်အလက်များကို စနစ်ကျကျ စစ်ဆေးနိုင်သည်။ Database scrubbing tool တွင် zip code အမှားများ ထည့်သွင်းခြင်း၊ ပုံတူပွားနေသည့် မှတ်တမ်းများ ရှာဖွေခြင်း စသည့် အမှားအယွင်းများကို ပြင်ဆင်ပေးနိုင်သည့် ပရိုဂရမ်များ ပါဝင်သည်။ Data scrubbing tool ကို အသုံးပြုခြင်းဖြင့် database administrator တစ်ဦးအတွက် အချိန်ကုန် သက်သာစေသလို ပြဿနာများကို ဖြေရှင်းခြင်းအတွက် ကုန်ကျစရိတ် နည်းပါးစေမည် ဖြစ်သည်။