Web အခြေခံ ဗားရှင်းသစ်ကို Flipboard မိတ်ဆက်

10686778_10152716059492825_9123631453985692768_n.jpg

ယခင်က Android နှင့် iOS အတွက် app များကို ဖြန့်ချိထားသည့် Flipboard သည် Web အခြေခံ ဗားရှင်းသစ်တစ်မျိုးကို ထပ်မံမိတ်ဆက်ပေးခဲ့သည်။

အဆိုပါ Flipboard ဆိုက်သစ်၏ ဒီဇိုင်းသည် လှပပြီး တုန့်ပြန်မှုကလည်း အလွန်ကောင်းမွန်သည်။ ၎င်းကို မိုဘိုင်းအပါအဝင် မည်သည့် screen အရွယ်အစားပေါ်တွင်မဆို အကောင်းဆုံး အသုံးပြုနိုင်သည်။

Flipboard ဝက်ဘ်ဗားရှင်းတွင် ဗီဒီယိုများနှင့် GIF များကို မိုဘိုင်းဗားရှင်းကဲ့သို့ပင် ဖော်ပြပေးထားသည်။ သုံးစွဲသူ အနေဖြင့် Flipboard ဝက်ဘ်ဆိုက်တွင် sign in ပြုလုပ်ပြီးနောက် app တွင် ရွေးချယ်ထားသည့် နှစ်သက်ရာ feed များနှင့် စိတ်ကြိုက်ရွေးချယ်ထားသည့် feed များကို ဆိုက်ပေါ်တွင် တွေ့မြင်ရမည် ဖြစ်သည်။ ယခုမှ စတင်သုံးစွဲသူများ အနေဖြင့်လည်း email နှင့် password ဖြင့် မှတ်ပုံတင်ပြီးနောက် စိတ်ဝင်စားသည့် အကြောင်းအရာ အနည်းဆုံး ၇ ခုကို ရွေးချယ်ခြင်းဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

ယခုကဲ့သို့ Flipboard မှ ဝက်ဘ်ဗားရှင်းကို ဖြန့်ချိခြင်းသည် Feely ကဲ့သို့သော RSS reader များနှင့် ယှဉ်ပြိုင်ရန် ဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် Flipboard ကို မိုဘိုင်းပေါ်မှ သုံးစွဲသူဦးရေသည် တစ်လလျှင် သန်း ၄၀ ခန့် ရှိကြောင်းသိရသည်။

Ref: TheNextWeb