Travel Universal Adapter

Travel-Universal-Adapter-.jpg

ခရီးထွက်သည့်အချိန် ကွန်ပျူ တာနှင့် အီလက်ထရေနစ် ထုတ်ကုန်များကို အသုံးပြုရန်အတွက် ပါဝါလိုအပ်လာသည့်အခါ Power Port မတူညီမှုများကြောင့် ဖြစ်တတ်သော ကိစ္စများကို အဆင်ပြေစေမည့် International Plug Port လေးမျိုး ပါဝင်သော Universal Adapter ဖြစ်သည်။ Europe / UK, Spain နှင့် USA, Japan, China, Thailand စသည့် နိုင်ငံအသီးသီးတွင်  အသုံးပြုလျက်ရှိသော Plug Port များကို ပြောင်းလဲ သုံးစွဲနိုင်မည် ဖြစ်သည်။ Surge Protection စနစ်နှင့် ကလေးများအတွက် လုံခြုံမှုရှိအောင် လုပ်ဆောင်ပေးမည့် Safety Shutter ပါဝင်သည်။ Electrical rating မှာ 250V/10A ရှိမည် ဖြစ်သည်။ တန်ဖိုးမှာ ၂,၉၀၀ ကျပ် ဖြစ်ပြီး F@X Computer ဖုန်း ၀၁ -၃၈၀၉၈၈ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။