Ubuntu OS တွင် Plank Dock ကို ထည့်သွင်းခြင်း

plank-8.jpg

Ubuntu OS အသုံးပြုသူတွေ အနေနဲ့ မိမိရဲ့ Ubuntu OS  Desktop Screen မှာ Plank Dock ကို ထည့်သွင်း အသုံးပြုချင်တယ်ဆိုရင် အောက်ဖော်ပြပါ အတိုင်း အလွယ်တကူနဲ့ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Ubuntu  OS ပေါ်မှာ Plank Dock ကို ထည့်သွင်းထားမယ်ဆိုရင် မိမိအသုံးပြုချင်တဲ့ Application တွေကို အလွယ်တကူနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS မှာ Plank Dock ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေပြုလုပ် ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာsudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကိုအရင် Update ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါမယ်။

နောက်တစ်ဆင့်ကတော့ Plank ကို Install ပြုလုပ်ဖို့အတွက် Terminal မှာဖော်ပြပါ Comm-and တွေကို တစ်ကြောင်းချင်းစီ ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ အသုံးပြုရမယ့် Command ကတော့-

sudo add-apt-repository ppa:ricotz/docky

sudo apt-get update && sudo apt-get install plank စတဲ့ Command တွေဖြစ်ပါတယ်။ အဆိုပါ Command တွေကို တစ်ကြောင်းချင်းစီ Terminal ထဲမှာ ရိုက်သွင်းပေးရမှာ ဖြစ်ပြီး၊ အင်တာနက်လိုင်း ကောင်းမွန်မှုနဲ့ နှေးကွေးမှုပေါ် မူတည်ပြီး Download ပြုလုပ်တဲ့ အချိန်တွေ ကွာခြားမှာ ဖြစ်ပါတယ်။

အကယ်၍ Plank Dock ကို ပြင်ဆင်ချင်တယ်ဆိုရင် Preference ကိုဝင်ရောက် အသုံးပြုရန်အတွက် Plank Icon ကို Right Click ပြုလုပ်လိုက်ပါ။ ပြီးသွားရင် Preference ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အဆိုပါ နေရာမှ Plank Dock ကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။