Lenovo Yoga Tablet 2

Lenovo_Yoga_Tablet_2_Teaser_07a20db2c6.jpg

USD- 379.99

အားသာချက်

Lenovo Yoga Tablet 2 သည် အသုံးပြုရာတွင် ဘက်ထရီ သက်တမ်းကြာရှည် ခံခြင်းနှင့် ထုတ်ကုန်အတွင်း kickstand ထည့်သွင်းတည်ဆောက် ထားခြင်းကြောင့် အသုံးဝင်သည့် ထုတ်ကုန်တစ်ခု ဖြစ်လာသည်။ Tablet ၏ရှေ့စပီကာ နှစ်လုံးသည်  အသံကျယ်လောင်မှုရှိပြီး  Dolby app ကိုအသုံးပြုထားလျှင် အသံအရည်အသွေးကို မြှင့်တင်နိုင်သည်။

အားနည်းချက်

Yoga Tablet 2 သည် Android OS အား အကြီးအကျယ် ပြုပြင်ထားသည့် ထုတ်ကုန်ဖြစ်သောကြောင့် စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်သော feature နှင့် app များစွာ ပါဝင်လာခြင်း မရှိပေ။ Yoga Tablet 2 သည်စာသားများ ကြည့်ရှုရာတွင် ရုပ်ထွက်အရည်အသွေး နိမ့်ပါးခြင်းကို သိသာစေသည်။ တစ်ခါတစ်ရံတွင် Tablet ၏ Touchscreen မှာ tap များကို မှတ်သားထား နိုင်စွမ်းမရှိသလို app များသည်လည်း crash ဖြစ်လေ့ဖြစ်ထ ရှိသည်။

အသေးစိတ်ဖော်ပြချက်

Lenovo သည် Yoga Tablet 2 ကိုပိုမို လက်တွေ့ကျသည့် ဒီဇိုင်းဖြင့် ချဉ်းကပ်ထားကာ ၎င်းမှာ built-in kickstand ပါဝင်လာခြင်း ဖြစ်သည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် ဗီဒီယိုများ ကြည့်ရှုခြင်း၊ ဂိမ်းများကစားခြင်း သို့မဟုတ် အီးမေးလ်များ ပို့ခြင်းစသည်တို့တွင် ပိုမိုအသုံးဝင် လာမည်ဖြစ်သည်။ Lenovo Yoga Tablet 2 ၏ဒီဇိုင်းပိုင်းမှာ ယမန်နှစ်က ထွက်ရှိထားသော မော်ဒယ်များနှင့် ဆင်တူသည်။ ၎င်းတွင် ထည့်သွင်းထားသည့် kickstand သည် ယခင်မော်ဒယ်များထက် ဖြုတ်ရလွယ်ကူသလို ၉၀ ဒီဂရီအတွင်း လွတ်လပ်စွာလှုပ်ရှားနိုင်သည်။ Yoga Tablet 2 ကို ၈ လက်မနှင့် ၁၀ လက်မဟူ၍ အရွယ်အစား နှစ်မျိုးထုတ်လုပ် ထားသည်။ Yoga Tablet 2 ၏ရုပ်ထွက် အရည်အသွေးသည် 1920×1200 pixel ရှိပြီး IPS screen ကို အသုံးပြုထားသည်။

Lenovo Yoga Tablet 2 တွင် And-roid 4.4 KitKat ကိုအသုံးပြုထားပြီး 1.3 GHz quad-core Intel Atom Z3745 ပရိုဆက်ဆာနှင့် RAM 2GB တို့ပါဝင်လာသည်။ Yoga Tablet 2 ၏ internal storage မှာ 16GB ရှိကာ microSD ကတ်ဖြင့်  64GB  အထိတိုးချဲ့ အသုံးပြုနိုင်သည်။

ဘက်ထရီ

Lenovo Yoga Tablet 2 ၏ ၁၀.၁ လက်မဗားရှင်းတွင် ဘက်ထရီ 9600 mAh အသုံးပြု ထားသောကြောင့် ဘက်ထရီသက်တမ်း အလွန်တာရှည် ခံသည်။