Legrand Company မှ Inform အမှတ်တံဆိပ် UPS မိတ်ဆက်

10959524_10205703187520139_6284595810897715988_n.jpg

Legrand Company မှ Inform အမှတ်တံဆိပ် အိမ်သုံး၊ ရုံးသုံး၊ စက်ရုံသုံး UPS များကို ဖေဖော်ဝါရီလ ၁၁ ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ Novotel Hotel တွင် မိတ်ဆက်ပြသခဲ့သည်။

ရှေးဦးစွာ Legrand Company မှ မန်နေဂျာ မစ္စတာဂျူလီယန်က Legrand Company တွင် ထုတ်လုပ်လျက်ရှိသော ကုန်ပစ္စည်းများအကြောင်း ပြောကြားခဲ့ပြီး Inform UPS များအား I.E.M Company Limited မှ ကိုယ်စားလှယ်အဖြစ် ဖြန့်ချိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ နောက် I.E.M Company Limited မှ Managing Director ဦးတင်ဦးက ၎င်း company တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ပစ္စည်းများအား ပြောကြားခဲ့ပြီး မစ္စတာ ဝီလီယန် (ခ) ဦးဟိန်းထက်ဝေ မှ Inform UPS များအကြာင်းကို မိတ်ဆက်ပြောကြားခဲ့သည်။

Legrand Company မှ ထုတ်လုပ်ရောင်းချသည့် Inform အမှတ်တံဆိပ် UPS အမျိုးအစားများမှာ Sinus Premium & Preminm LCD, Sinus LCD, DSP Multipower Convertible, DSP Flexipower များ ဖြစ်သည်။