Direct-Attached Storage (DAS)

Direct-attached storage (DAS) ဆိုသည်မှာ ကွန်ပျူတာတစ်လုံးနှင့် ချိတ်ဆက်ထားပြီး အခြား ကွန်ပျူ တာများမှ အသုံးမပြုနိုင်သည့် ကွန်ပျူ တာ သိုလှောင်မှုတစ်ရပ် ဖြစ်သည်။ ကိုယ်ပိုင် ကွန်ပျူ တာ သုံးစွဲသူများတွင် hard drive သည် direct-attached storage အနေဖြင့် လုပ်ဆောင်သည်။

စီးပွားရေးလုပ်ငန်းတွင် ဆာဗာတစ်ခုရှိ သီးခြား disk drive များကို direct-attached storage ဟု ခေါ်ဆိုသည်။ အဆိုပါ disk drive များကို ဆာဗာတစ်ခုတွင် စုဖွဲ့ထားသော်လည်း ၎င်းတို့ကို SCSI, SATA နှင့် SAS interface များမှတစ်ဆင့် တိုက်ရိုက် ချိတ်ဆက်ထားသည်။

DAS သည် end user များကို ကွန်ရက်ချိတ်ဆက်ထားသည့် သိုလှောင်မှုထက် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်ဖြင့် ထောက်ပံ့ပေးနိုင်သည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းများသည် မြင့်မားသည့် စွမ်းဆောင်ရည် လိုအပ်သော application အမျိုးအစားများအတွက် DAS ကို အသုံးပြု ကြသည်။

ယခင်က direct-attached storage ကို ဝေမျှနိုင်မှု မရှိခြင်း၊ ဆာဗာကို ချို့ယွင်းမှု ဖြစ်စေခြင်း စသည်တို့ကြောင့် ဝေဖန်ခဲ့ကြသည်။ သို့သော်လည်း virtualization ခေတ်စားလာသည့် အချိန်တွင် DAS ၏ အကျိုးကျေးဇူးများကို သိရှိလာပြီး အသုံးပြု မှုမှာလည်း ရေပန်းစားလာခဲ့သည်။

Direct-attached storage ကဲ့သို့သော အခြား ရွေးချယ်စရာ နည်းလမ်းများမှာ network-attached storage (NAS) နှင့် storage area network (SAN) တို့ဖြစ်သည်။