Open World Zombie ဂိမ်းသစ် Dying Light ထွက်ရှိ

gameplay_in_screenshot_may_be_worser_than_it_appears.jpg

Warner Bros. Interactive Entertainment မှ ဖြန့်ချိ ပြီး Dead Island ဂိမ်းများကို ရေးဆွဲခဲ့သော Tech Land ၏ Open World Zombie ဂိမ်းသစ် Dying Light ကို PC, PS4 နှင့် Xbox One ဂိမ်းစက်များတွင် ကစားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Dying Light ဂိမ်းသစ်တွင် ကစားသူအနေဖြင့် Zombie ဖုတ်ကောင်များ ပြည့်နှက်နေသော နယ်မြေအတွင်း အသက်ရှင်သန်နိုင်ရန် အစာရေစာများ ရှာဖွေရမည် ဖြစ်သလို လွတ်မြောက်ရာလမ်းစကိုလည်း ရှာဖွေရမည် ဖြစ်သည်။ Mirror’s Edge ဂိမ်းကဲ့သို့ အဆောက်အအုံများ အပေါ်သို့ ခုန်ပျံကျော်လွှားပြီး သွားလာရမည့် parkour နှင့် platforming gameplay လည်း ပါဝင်ထားသည်။ အနီးကပ်တိုက်ခိုက်ရသော melee combat ကို အသားပေးထားပြီး လက်နက်ပေါင်း ၁၀၀ ကျော် ပါဝင်ကာ ထောင်ချောက်မျိုးစုံကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Dying Light နှင့်အတူ နောက်ဆုံးထွက် ဂိမ်းသစ်များကို GAME HIVE ဖုန်း ၀၉- ၇၃၁၁၈၅၅၀ နှင့် ၀၉-၅၄၁၇၂၇၂ ၌ ဆက်သွယ်ဝယ်ယူနိုင်မည် ဖြစ်သည်။