PowerCam (iOS)

1.jpg

iTunes Store (China) တွင် ၂၀၁၂ ခုနှစ်အတွက် အကောင်းဆုံး App တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် PowerCam App သည် လူသန်းပေါင်း ၁၂၀ ခန့် Download ပြုလုပ်၍ အသုံးပြုနေသည့် App တစ်ခု ဖြစ်သည်။ အဆိုပါ App တွင် ဓာတ်ပုံရိုက်ကူးရန်အတွက် နည်းလမ်း ၈ မျိုး ပါဝင်ပြီး၊ ဗီဒီယိုရိုက်ကူးသည့်အခါတွင်လည်း HD Video ဖိုင်များကို ရိုက်ကူးနိုင်မည် ဖြစ်သည်။

အဆိုပါ App ကို အသုံးပြုခွင့်အတွက် ယခင်က iTunes Store တွင် ကန်ဒေါ်လာ ၂.၉၉ ပေးသွင်းမှ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ယခုအခါ အချိန်အတိုင်းအတာ တစ်ခုဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 5.1.1 တွင် ထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။