Thailand M.I.C.E Road Show Myanmar 2015 ကျင်းပပြုလုပ်

10958570_10204132734298459_2142627211466040356_n.jpg

Thailand Convention & Exhibition Bureau (TCEB) နှင့် UMFCCI တို့ ပူးပေါင်းစီစဉ် ကျင်းပသော Thailand M.I.C.E Road Show Myanmar 2015 အား ဖေဖော်ဝါရီလ ၁၀ ရက်တွင် ကန်တော်ကြီးပတ်လမ်း၊ ဖိုးစိန်လမ်းရှိ Chatrium Royal Lake Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပွဲတွင် ထိုင်းနိုင်ငံသို့ သွားရောက် ကျင်းပနိုင်မည့် နှစ်ပတ်လည် အစည်းအဝေးများ၊ ကုမ္ပဏီများ၏ Incentives Program များကို ခရီးစဉ်တစ်ခုအနေဖြင့် လုပ်ဆောင်နိုင်ရန် ပံ့ပိုးကူညီပေးပြီး အစည်းအဝေး ကျင်းပနိုင်သော မြို့ကြီး ၅ မြို့ဖြစ်သည့် ဘန်ကောက်၊ ပတ်တရား၊ ဖူးခက်၊ ချင်းမိုင်နှင့် ခွန်ကေဲန်းတို့တွင် ကျင်းပပြုလုပ်နိုင်ကြောင်း Bangkok Airways မှ Sales Manager မစ္စနန်ဟောင်သစ်ပ်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ခရီးစဉ်ရေးဆွဲခြင်း၊ လုပ်ငန်းအကျိုးတူ အစည်းအဝေးများ သွားရောက်ကျင်းပ နိုင်ခြင်းနှင့် လုပ်ငန်းချဲ့ထွင်ခြင်း စသည့် အစီအစဉ်များ ရေးဆွဲနိုင်ရန်အတွက် Workshop ပြုလုပ်ခဲ့သည်။

Thailand M.I.C.E Road Show Myanmar 2015 ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ စီးပွားရေးမြှင့်တင် ချဲ့ထွင်နိုင်ရန်အတွက် အစည်းအဝေးခန်းမကျင်းပခြင်း လုပ်ငန်းများ၊ ကုမ္ပဏီများ လစဉ်ပြုလုပ်သော နှစ်ပတ်လည် အစီအစဉ်များကို ထိုင်းနိုင်ငံရှိ အတွေ့အကြုံရှိပြီး ကျွမ်းကျင်သောသူများနှင့် ပူပေါင်းလုပ်ကိုင်စေလိုခြင်း ဖြစ်သည်။