Info Myanmar College တွင် HND Diploma in Computing (UK) ကို တက်ရောက် သင်ကြားနေသော မောင်ချစ်သဲနိုင်၏ Student Life

Chit-Thae-Naing.jpg

ဒီအပတ်မှာတော့ ယခင်ပြည်ပနိုင်ငံများသို့ သွားရောက်သင်ယူခဲ့ရတဲ့ QCF (Level-5) အဆင့်ရှိ Higher National Diploma ဖြစ်တဲ့ HND Diploma in Computing ကို Info Myanmar College မှာ တက်ရောက်နေ တဲ့ မောင်ချစ်သဲနိုင်ရဲ့ Student Life ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အမည်၊ အသက်၊ ပညာအရည်အချင်းနဲ့ ဘယ်ဇာတိကလဲ ပြောပြပေးပါ။

ကျွန်တော့်နာမည်ကတော့ ချစ်သဲနိုင်ပါ။ အသက် ၁၉ နှစ် ရှိပါပြီ။ မုံရွာကွန်ပျူတာတက္ကသိုလ်မှာ ဒုတိယနှစ်အထိ ပြီးထားပါတယ်။ ဇာတိက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ ဖြစ်ပါတယ်။

အခု တက်ရောက်နေတဲ့ Edexcel (UK) ကချီးမြှင့်တဲ့ (BETH HND) Higher National Diploma မှာ ဘာသာရပ်တွေ  အများကြီးရှိတယ်လို့ သိရတယ်။ ဘယ်ဘာသာကို သင်ယူဖို့ ရွေးချယ်ထားလဲ၊ ဘာကြောင့် ရွေးချယ်ဖြစ်လဲဆိုတာသိပါရစေ။

ဟုတ်ပါတယ်။  Edexcel (UK) က ချီးမြှင့်တဲ့ HND Diploma မှာ Subjects တွေ အများကြီးရှိပါတယ်။ Engineering, Business, Tourism အစရှိတဲ့ ဘာသာရပ်တွေ ပါဝင်ပါတယ်။ အဲဒီ ဘာသာ ရပ်တွေထဲကမှ Computing ဘာသာရပ်ကို ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော် ၆ တန်းဖြေပြီး Computer Basic ကို စသင်ခဲ့ချိန် ကစပြီးအဲဒီကတည်းက Computer ကို အရမ်းစိတ်ဝင်စားခဲ့ပါတယ်။ ဒါကြောင့် Computing ကို ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။

HND တက်ရောက်ဖို့ ဘာတွေလိုအပ်လဲ။ HND ရရှိဖို့ အချိန်ဘယ်လောက်လိုလဲ။ ဘာသာရပ် ဘယ်နှစ်ခုကို သင်ယူရမှာလဲ။

HND ကို တက်ရောက်မယ်ဆိုရင် တက္ကသိုလ်ဝင်တန်း ဒါမှမဟုတ် IGCSE နဲ့ A-Level အောင်မြင်ထားဖို့ လိုပါတယ်။ ကြာချိန်အနေနဲ့ကတော့ Pre-HND မှာ ၄ လ၊ HND မှာ Year 1, Year 2 ဆိုပြီး အားလုံးပေါင်း ၂ နှစ်ဝန်းကျင် ကြာမြင့်မှာ ဖြစ်ပါတယ်။ ဘာသာရပ်ကတော့ ၁၆ ဘာသာ သင်ယူရမှာ ဖြစ်ပါတယ်။

BETH HND တက်ရောက်ဖို့ Info Myanmar College ကို ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။

အဓိက ကတော့ မိမိတက်ရောက်မယ့် ကျောင်းရဲ့ Background နဲ့ Image ပေါ်မူတည်ပြီး ရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ပြီး ကျောင်းရဲ့ Facilities လည်း ပါတာပေါ့။ Info Myanmar College ကို တည်ထောင်ဖွင့်လှစ်တဲ့ မိခင် Company (IMCS LTD) ဟာ လက်ရှိမှာ IMCS Computer  Center ၅ ခုကို ဖွင့်လှစ်ထားပြီး မြန်မာအိုင်စီတီနယ်ပယ်အတွက် ထူးချွန်တဲ့ အိုင်တီပညာရှင်တွေကို မွေးထုတ်ပေးနေသလို နိုင်ငံတကာ ICT စာမေးပွဲ Cisco, Microsoft, EC-Council (USA) တွေမှာလည်း ထူးချွန်တဲ့ပညာရှင်တွေကို မွေးထုတ်ပေးနေတာကြောင့် ယုံကြည်လို့ ရွေးချယ်ခဲ့တာပါ။

Info Myanmar College မှာ HND (Network) Trend တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို (CCNA,MCP) ဘာသာရပ်တွေကို Scholor အနေနဲ့ အခမဲ့သင်ပေးတယ်လို့ သိရတယ်။ အဲဒါလေး ပြောပြပါဦး။

ကျွန်တော်တို့ ကောလိပ်မှာ Networking Trend ကို အထူးလေ့လာတဲ့ သူတွေအတွက်  First Year မှာ CCNA, Second Year မှာ Microsoft ကို Scholor အဖြစ် အခမဲ့သင်ပေးမယ့် အစီအစဉ် ရှိပါတယ်။ Software Trend ကို အထူးပြု လေ့လာတဲ့သူတွေအတွက် Android Developer ကို Scholor အဖြစ်သင်ပေးမှာပါ။  နောက်ပြီး အခုလို လုပ်ငန်းခွင်မှာ တောင်းဆိုမှု များပြားတဲ့ International Certified ကိုပါ တစ်ပါတည်း ပူးတွဲ သင်ပေးတာကြောင့် အချိန်ကုန် သက်သာသလို ကျွန်တော်တို့အတွက်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာပိုရတာပေါ့။

အင်္ဂလိပ်စာကို 4 Skill သာမက IELTS Level အထိ သင်ပေးမယ်လို့ သိရတယ်။ IELTS Level အထိ သင်ပေးခြင်းအပေါ် ထင်မြင်ချက်နဲ့ ခံယူချက်ကို ပြောပြပါဦး။

မှန်ပါတယ်။ နိုင်ငံတကာမှာ ပညာသင်ကြားဖို့ဆိုရင် IELTS Score က အရမ်းအရေးကြီးပါတယ်။ နာမည်ကြီးတက္ကသိုလ် တွေမှာ ပညာသင်ကြားဖို့ဆိုရင် IELTS Score လည်း ကောင်းဖို့ လိုပါတယ်။ နောက်ပြီး ကျွန်တော့်အမြင်နဲ့ ပြောရမယ်ဆိုရင် ပညာရပ်တစ်ခုကို လေ့လာသင်ယူဖို့ English Skill ကောင်းမှ ဖြစ်မှာပါ။ English Skill ကောင်းမှ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ယှဉ်ပြိုင်နိုင်မှာ ဖြစ်သလို ကိုယ်သင်ယူမယ့် ဘာသာရပ်အပေါ်မှာ ထူးချွန်ထက်မြက်ဖို့ အင်္ဂလိပ်စာက အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ပါတယ်။ အင်္ဂလိပ်စာကို Pre-HND မှာကတည်းက အခုလို ဘာသာရပ်တစ်ခုအနေနဲ့ ထည့်သွင်းပေးတဲ့အတွက် အရမ်းကို ကောင်းပါတယ်လို့ ပြောချင်ပါတယ်။ Pre-HND မှာကတည်းက အင်္ဂလိပ်စာကို ထည့်သွင်းသင်ကြားပေးတဲ့အတွက်ကြောင့် IELTS ကို ကောင်းကောင်း ကျော်ဖြတ်နိုင်မှာပါ။

HND Diploma ပြီးရင် Degree အထိသွားမှာလား။ Diploma ရပြီးရင် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်း ဘယ်လိုမျှော်မှန်းလဲ၊ ထင်မြင်လဲ။

ဟုတ်ကဲ့။ ကျွန်တော့်အနေနဲ့ကတော့HND Diploma ပြီးသွားရင် ကုမ္ပဏီတစ်ခုမှာ အချိန်အတိုင်းအတာ တစ်ခုအထိဝင်ရောက်လုပ်ကိုင်ပြီးတော့မှ နိုင်ငံခြားမှာ Degree ယူဖို့ စဉ်းစားထားပါတယ်။ အလုပ်အကိုင် အခွင့်အလမ်း အနေနဲ့ကတော့ ယူကေရဲ့ အကြီးမားဆုံး  ပညာရေးအဖွဲ့အစည်း Edexcel ကနေ ချီးမြှင့်တဲ့ QCF-Level (5) ရှိတဲ့ Higher National Diploma ဖြစ်တဲ့ အတွက်ကြောင့် ပြည်တွင်းပြည်ပ ကုမ္ပဏီတွေမှာ အခက်အခဲမရှိ ဝင်ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ တစ်ခုရှိတာက ကိုယ်တိုင်အရည်အချင်းရှိဖို့တော့ လိုတာပေါ့။