Skype for Android တွင် offline photo sharing အသုံးပြုနိုင်

10628402_10152713817012825_1980582972400095971_n.jpg

သုံးစွဲသူများအနေဖြင့် သူငယ်ချင်းများ offline ဖြစ်နေစဉ်တွင် ဓာတ်ပုံများ ပေးပို့နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ feature ကို Skype 5.2 တွင် စတင်ထည့်သွင်းပေးခဲ့ပြီး offline ဖြစ်နေစဉ် ပေးပို့ထားသည့် ဓာတ်ပုံများကို mobile app တွင် sign in ပြုလုပ်သည့်အခါ လက်ခံနိုင်မည် ဖြစ်သည်။

နောက်ဆုံးထွက်ရှိထားသည့် Skype for Android တွင် offline photo sharing ကိုသာမက ဖုန်းများအတွက် picture in picture view ကိုပါထောက်ပံ့ပေးထားသည်။ ထို့ကြောင့် သုံးစွဲသူများသည် Skype မှထွက်ကာ အခြား application များကို အသုံးပြုသည့်တိုင် chatting ပြုလုပ်နေသူကို ဆက်လက်တွေ့မြင်ရမည် ဖြစ်သည်။ အဆိုပါ feature ကို Android tablet များအတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် မိတ်ဆက်ပေးထားပြီး ဖြစ်သည်။

ထို့အပြင် Skype ကုမ္ပဏီသည် URI (uniform resource identifiers) အထောက်အပံ့ပါဝင်သော iOS ဗားရှင်းသစ်ကို မိတ်ဆက်ပေးခဲ့သည်။ ထို့အတွက်ကြောင့် developer များသည် ၎င်းတို့၏ app များတွင် Skype ကိုဖွင့်ကာ ဖုန်းခေါ်ဆိုမှု သို့မဟုတ် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်နိုင်မည့် link များကို ဖန်တီးနိုင်မည် ဖြစ်သည်။ ၎င်းကို အသုံးပြုရန်အတွက် iOS ထုတ်ကုန်တွင် နောက်ဆုံးပေါ် Skype ကို ထည့်သွင်းထားရန် လိုအပ်သည်။

အထက်ပါ Skype update များကို App Store နှင့် Play Store မှတစ်ဆင့် ရယူနိုင်သည်။

Ref: TheNextWeb