နောက်ဘက်ကင်မရာ နှစ်လုံး ပါဝင်သည့် Huawei Honor 6 Plus ဈေးကွက်ဝင်မည်

huawei-honor-6plus06-1000x643.jpg

နောက်ဘက်တွင် 8MP အမျိုးအစား ကင်မရာနှစ်လုံး တပ်ဆင်ထားသည့် Huawei Honor 6 Plus ကို မကြာမီ ပြည်တွင်းဈေးကွက်၌ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ Honor 6 Plus တွင် လုပ်ဆောင်ချက်ပိုင်း မြန်ဆန်ကောင်းမွန်သည့် Huawei ၏ ကိုယ်ပိုင် Kirin 952 Chipset ကိုအသုံးပြုထားကြောင်း သိရသည်။

“ဈေးကွက်ထဲကို ၂ လပိုင်း ၁၀ ရက်လောက်မှာ ရောက်ပါမယ်။ သူ့မှာ နဂိုထက် လုပ်ဆောင်ချက် ပိုမိုမြန်ဆန်အောင် ဖန်တီးထားတဲ့ Huawei ရဲ့ ကိုယ်ပိုင် Chipset ကို အသုံးပြုထားပါတယ်။ နောက်ကင်မရာက 8MP နှစ်လုံးပါ။ ရှေ့ဘက်ကလည်း 8MP နဲ့ပါ။ 16GB နဲ့ 32GB ဆိုပြီး နှစ်မျိုးဝင်မှာပါ” ဟု Huawei Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Honor 6 Plus သည် မြင်ကွင်းအကျယ် ၅.၅ လက်မရှိကာ Cortex-A15 နှင့် Cortex-A7 အမျိုးအစား Quad-core CPU နှစ်လုံးကို အသုံးပြုထားသည့် Octa-core အမျိုးအစားဖုန်းဖြစ်ပြီး 3GB RAM နှင့် သိုလှောင်မှု ပမာဏကို 128GB ထိ တိုးမြှင့်အသုံးပြု နိုင်မည်ဖြစ်သည်။ Android OS 4.4.2 (Kitkat) ကိုထည့်သွင်းထားပြီး 3,600mAh အမျိုးအစား ဘက်ထရီကို အသုံးပြုထားကြောင်း သိရသည်။