KDDI ၏ AU prepaid e money ကတ်ဝန်ဆောင်မှု ပေးရန်စီစဉ်

KDDI အနေဖြင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်ပူးပေါင်း၍ AU prepaid e money ကတ် ဝန်ဆောင်မှုပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

 “AU Prepaid e money ကတ်ကို စတိုးဆိုင်တွေမှာ၊ ရှောပင်းစင်တာတွေ အစရှိတဲ့နည်းလမ်း ပေါင်းစုံနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမှာပါ”ဟု KDDI မှတာဝန်ရှိသူက ပြောသည်။ KDDI အနေဖြင့် au WALLET အမည်ရှိ အဆိုပါ Prepaid e-money ကတ်ကို နိုင်ငံတကာ ဈေးကွက်တွင် ၂၀၁၄ ခုနှစ် မေလ အတွင်းကစတင် မိတ်ဆက်ခဲ့ပြီး လက်ရှိအချိန်တွင် အဆိုပါကဒ်အား သုံးစွဲသူပေါင်း ငါးသန်းအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါကတ်အား နည်းမျိုးစုံဖြင့်ငွေဖြည့်သွင်းနိုင်ရန်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

AU prepaid e money ကို KDDI ၏မိုဘိုင်းဖုန်း ကွန်ရက်ရှိသော နိုင်ငံများတွင် အသုံးပြုနိုင်ပြီ မြန်မာနိုင်ငံတွင်လည်း အသုံးပြုနိုင်မည် ဖြစ်သည်။ AU prepaid e money ကို au Wallet ဟုအမည် ပေးထားကြောင်း သိရသည်။