Sunrise ကို ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် Microsoft ဝယ်ယူ

sunrise-msft2.jpg

Microsoft သည် calendar app ဖန်တီးသည့် Sunrise ကုမ္ပဏီကို ကန်ဒေါ်လာသန်း ၁၀၀ ဖြင့် ဝယ်ယူလိုက်ကြောင်း သိရသည်။

Sunrise သည် မိုဘိုင်းနှင့် desktop သုံးစွဲသူများအတွက် calendar ထုတ်ကုန် suite တစ်ခု ထုတ်လုပ်ထားသလို အခြား provider များတွင် အသုံးပြုနိုင်ရန် ကျစ်လျစ်မှုရှိသော calendar များကို ဖြန့်ချိထားသည်။ ၎င်းသည် iPhone, iPad, Android ထုတ်ကုန်နှင့် Mac App Store အပြင် web client တွင်လည်း ထုတ်လုပ်ထားသည်။ သုံးစွဲသူများ အနေဖြင့် Sunrise calendar များကို အခြား third-party app များမှ ချိတ်ဆက်နိုင်သလို Google, iCloud နှင့် Microsoft Exchange မှလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ထိုသို့ ထုတ်ကုန်နှင့် platform မျိုးစုံတွင် အသုံးပြုနိုင်သည့် Sunrise သည် သုံးစွဲသူများကြားတွင် အရေးပါသော ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။  Microsoft သည် ပြိုင်ဘက် ကုမ္ပဏီ Sunrise ၏ platform များစွာတွင် ထောက်ပံ့မှု ပေးထားသော calendar app ကို ဝယ်ယူလိုက်ခြင်းဖြင့် အကျိုးကျေးဇူးကောင်းများ ရရှိလာမည်ဖြစ်သည်။ Microsoft သည် Windows 10 မထွက်ရှိမီတွင် Apple iOS အတွက် touchscreen ဖြင့် အဆင်ပြေစွာ အသုံးပြုနိုင်မည့် Office ဗားရှင်းကို ဖြန့်ချိပြီးနောက် Sunrise ကိုဝယ်ယူ ခဲ့ခြင်းဖြစ်သည်။

Microsoft သည် startup ကုမ္ပဏီ တစ်ခုဖြစ်သည့် Sunrise ၏ app များကိုသီးသန့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်ဖြန့်ချိ သွားဖွယ်ရှိကြောင်း သိရသည်။

Ref: TechCrunch