Yurnero The Juggernaut

Juggernaut.jpg

TI4 ကာလ အထိ ခေတ်စားခြင်း မရှိခဲ့သော Agility Carry Hero တစ်ကောင်ဖြစ်တဲ့ Juggernaut ဟာ  Dota Cinema XMG Captain Draft  ကနေစပြီး DAC Championship ပြိုင်ပွဲအထိ အများဆုံး Pick ခံရတဲ့ Carry Hero ၃ ကောင်ထဲမှာ တစ်ကောင် အပါအဝင် ဖြစ်ခဲ့ပါတယ်။ Hero တစ်ကောင်ရဲ့ Base Attack Time (BAT) အပေါ်မူတည်ပြီး Attack Speed ဟာလည်း သိသိသာသာ တိုးသွားနိုင်တဲ့အတွက် Carry Hero တစ်ကောင်ရဲ့ BAT ဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်နေပါတယ်။ ပုံသေ Hero တစ်ကောင်ရဲ့ Base Attack Time ဟာ 1.7 ရှိပြီး ခြွင်းချက် Ability များ (Chemical Rage နှင့် True Form) ကို ဘေးဖယ်ထားကာ အကောင်းဆုံး BAT ကို အစဉ်လိုက် စီလိုက်မယ်ဆိုရင် Oracle ဟာ 1.4 BAT နှင့် ထိပ်ဆုံးမှာ ရှိနေပြီး သူ့ရဲ့နောက်မှာ AntiMage (1.45 BAT), Terrorblade, Windranger (1.5 BAT), Troll Warlord (1.55 BAT), Juggernaut,  Huskar, Morphling, Queen of Pain (1.6) ဆိုပြီး အစဉ်လိုက် ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ v6.81b Update ကနေစပြီး Juggernaut ရဲ့ Base Attack Time ဟာ 1.6 ကနေ 1.4 ကို ခုန်တက်သွားတဲ့အတွက် Juggernaut ဟာ BAT အကောင်းဆုံး Hero အဖြစ် Oracle နဲ့ တန်းတူ ရပ်တည်သွားပါတယ်။ Oracle ဟာ Support Hero တစ်ကောင်ဖြစ်လို့ BAT အကောင်းဆုံး ဖြစ်နေခြင်းက မသိသာပေမယ့် Juggernaut ကဲ့သို့ Agility Grow များလွန်းတဲ့ Carry Hero တစ်ကောင်အတွက်တော့ အဆမတန် သာလွန်တဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒါကြောင့်ပဲ Critical Item ထည့်စရာမလိုတဲ့ Agility Carry Juggernaut ဟာ သိသိသာသာ လူသုံးများလာတဲ့ Carry Hero တစ်ကောင်အဖြစ် ပြောင်းလဲသွားရခြင်းပဲ ဖြစ်ပါတယ်။

Background Story

Yurnero The Juggernaut ရဲ့  မျက်နှာဖုံးအောက်မှာ မည်ကဲ့သို့သော မျက်နှာတစ်ခု ဖြစ်တည်နေမလဲဆိုတာကို မည်သူ တစ်ဦးတစ်ယောက်မှ အမှန်တကယ် မသိနိုင်သေးဘဲ သူ့မှာ ကိုယ်ပိုင် မျက်နှာတစ်ခုတောင်ရှိမှ ရှိရဲ့လားဆိုတဲ့ ယုံတမ်းစကားတွေတောင် ရှိနေခဲ့ပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ရှင်ဘုရင်ရဲ့ အကျင့်ပျက်မှုတွေကို ပေါ်ပေါ်တင်တင် ပုန်ကန်ခဲ့တဲ့ Yurnero ကို ၎င်းရဲ့ မွေးရပ်မြေ “ရှေးဟောင်းမျက်နှာဖုံးကျွန်း”  ကနေ နယ်နှင်ဒဏ် အပေးခံလိုက်ရခြင်းက သူ့ကို အသက်ရှင်စေမယ့် အကြောင်းအရာတစ်ခု ဖြစ်ခဲ့ပါတယ်။ အကြောင်းမှာ သွေးကြွေးကျိန်စာသင့်နေတဲ့ မိစ္ဆာလှိုင်းတို့ဟာ ညတစ်ညနှင့်အတူ သူ့ရဲ့ မွေးရပ်မြေကျွန်းကို တိုက်စားဝါးမြို ကွယ်ဖျောက်ပစ်လိုက်တဲ့အတွက်ကြောင့်ပါပဲ။ အခုချိန်မှာတော့ Yurnero ဟာ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ Juggernaut တို့ရဲ့  ရိုးရာဓားသိုင်းပညာကို လက်ဆင့်ကမ်း အမွေဆက်ခံရမယ့် တစ်ဦးတည်းသောသူ ဖြစ်သွားပါတယ်။ Yurnero ရဲ့ မိမိကိုယ်ကို ယုံကြည်စိတ်၊ ရဲစွမ်း သတ္တိတို့ဟာ အဆုံးမရှိတဲ့ ဓားရေးလေ့ကျင့်မှုများ ဖြစ်လာစေခဲ့ပြီး မကုန်ဆုံးနိုင်တဲ့ မိမိကိုယ်ကို စိန်ခေါ်မှုတွေဟာ အသစ်အသစ်သော ဓားပညာများအဖြစ် သက်သေပြလာခဲ့ပါတယ်။ လျှို့ ဝှက်ချက်တို့နဲ့ ပြည့်နေတဲ့ သူ့ရဲ့ မျက်နှာအတိုင်းပင် Yurnero ရဲ့  ဓားပညာများဟာလည်း ခန့်မှန်းရခက်ပါတယ်။ အရာရာကို နှစ်ခါဆုံးရှုံးဖူးတဲ့ သူရဲကောင်း တစ်ယောက်အတွက်တော့ ကျိန်းသေပေါက် အောင်နိုင်မယ်မှန်း ကြိုသိထားသော တိုက်ပွဲဝင်ပုံစံမျိုးဖြင့် တိုက်ခိုက်လျက်ရှိပါတော့တယ်။

Juggernaut ဟာ Magic Immunity Ability တစ်ခုဖြစ်တဲ့ Blade Fury ကို ပိုင်ဆိုင်ထားတဲ့အပြင် Carry တန်မယ့် အဆမတန်များတဲ့ Healing ကို ရရှိမယ့် “Healing Ward”, အခမဲ့ Critical “Blade Dance” နဲ့
Invulnerable ဖြစ်တဲ့အပြင် Magic Immune Unit တွေကိုပါ တိုက်ခိုက်နိုင်မယ့် Ultimate “Omnislash” တို့နဲ့ ဖွဲ့စည်းထားတဲ့ တစ်ဖက်စောင်းနင်းအားသာချက်တွေနဲ့  Hero တစ်ကောင်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို အားသာချက်များလွန်းတဲ့ Ability တွေ Cooldown ဖြစ်နေမယ်ဆိုရင်တော့ Strength နည်းတဲ့ ခပ်ပျော့ပျော့ Juggernaut ဟာ တစ်ဖက်အသင်းရဲ့ Supporter များတောင် အလွယ်တကူ သတ်သွားနိုင်တဲ့ အချက်က သူ့ရဲ့ အဓိက အားနည်းချက် ဖြစ်ပါတယ်။ ဒါကြောင့် လက်ဦးမှုယူပြီး တစ်ဖက်အသင်းကို ဖရိုဖရဲ ဖြစ်သွားအောင် တိုက်ခိုက်ခြင်းက Juggernaut ရဲ့ အဓိက ကစားပုံပဲ ဖြစ်ပါတယ်။

Lvl ၁ ဆင့်တည်းယူထားတဲ့ အချိန်မှာ စုစုပေါင်း 400 Damage အထိ သက်ရောက်နိုင်တဲ့ Blade Fury ဟာ Juggernaut ကို 5 seconds ကြာတဲ့ Magic Immunity ကို ရရှိစေမှာ ဖြစ်ပါတယ်။ အဓိက အကျဆုံး ထူးခြားချက်ကတော့ Juggernaut ဟာ Blade Fury အသုံးပြုထားစဉ်မှာ အဆိုပါ AoE ထဲရောက်နေတဲ့ Enemy တွေအနေနဲ့ Blade Fury Magical Damage သက်ရောက်ခြင်းမရှိဘူးဆိုရင် Juggernaut အနေနဲ့ Physical Attack နဲ့ တိုက်ခိုက်နိုင်တဲ့ အချက်ပါပဲ။ ဒါကြောင့် Blade Fury လှည့်ပြီး Tower, Building, Seige Creep တွေကို တိုက်ခိုက်နိုင်သလို Black King Bar, Repel အသုံးပြုထားတဲ့ Enemy Hero တွေကိုလည်း Blade Fury သုံးထားစဉ်မှာ Physical Attack တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ ကစားပွဲ အစောပိုင်းမှာ Duration ကြာတဲ့ Slow Ability Hero (eg. Visage, Lich) တို့နဲ့ တွဲဖက်ပြီး တစ်ဖက် Hero ကို 400 Damage နဲ့ အလွယ်တကူ တိုက်ခိုက်နိုင်ပါတယ်။

500 AoE အတွင်းမှာရှိတဲ့ Ally Unit အားလုံးကို 5% Max Health Healing ကို ပေးမယ့် Healing Ward ဟာ 25 seconds Duration ကြာမှာ ဖြစ်ပါတယ်။ Healing AoE အတွင်းကနေ ထွက်သွားရင်တောင် နောက်ထပ် 2.47 seconds ခန့် ထပ်မံ Healing ဖြစ်စေမယ့် Aura ရှိပြီး Heart of Tarrasque တစ်လုံးမှာရရှိမယ့် Hp Regeneration ထက် ၂ ဆ ခွဲခန့်ရှိတဲ့ Regeneration အကြီး
စား ဖြစ်ပါတယ်။ အားနည်းချက်ကတော့ 1 Hp သာ ရှိတဲ့အတွက် Enemy က အလွယ်တကူ ဖျက်ဆီးခံရမယ့် Ward Type Ability တစ်ခု ဖြစ်ပါတယ်။

Blade Dance ကတော့ Dota မှာ ရှိတဲ့ Critical ၁ဝ မျိုးထဲမှာ Chance အများဆုံး ဖြစ်ပြီး Juggernaut ရဲ့ လက်ရှိ Physical Damage ကို ၂ ဆ ဖြစ်စေမှာ ဖြစ်ပါတယ်။ အခြားသော Hero Critical (PA, WK, CK) တွေဟာ Critical ပမာဏပိုများပေမယ့် Blade Dance ဟာ 35% Proc Chance အထိ ရှိနေတာဖြစ်လို့ Base Attack Time 1.4 ရှိတဲ့ Juggernaut အတွက်တော့ Attack Speed Item အချို့ ရှိနေရုံနဲ့ ကြောက်ဖို့ကောင်းတဲ့ Melee Hitter တစ်ကောင်ဖြစ်အောင် လုပ်ဆောင်ပေးမယ့် Ability တစ်ခုဖြစ်ပါတယ်။

XMG Captian Draft မတိုင်ခင် ကာလကတည်းက Omnislash ရဲ့ ခုတ်ချက်ကို ၃ ချက်ခန့်တိုးစေမယ့် Aghanim’s Scepter ဟာ လူကြိုက်များတဲ့ Item တစ်ခုဖြစ်ခဲ့ပါတယ်။ Omnislash ကို အသုံးပြုလိုက်တဲ့ အ
ချိန်မှာ Juggernaut ဟာ Invulnerable ဖြစ်နေမှာ ဖြစ်ပါတယ်။ Omnislash ရဲ့ 200 ~ 225 Damage ကလည်း သက်ရောက်နေမှာဖြစ်ပြီး အဆိုပါ Slash ခုန်တဲ့ Unit အပေါ်ကိုလည်း Juggernaut ဟာ သူ့ရဲ့ ပုံမှန် Physical Attack ကို တိုက်ခိုက်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် Attack Speed သာ မြန်နေမယ်ဆိုရင် 200 ~ 225 Damage အပြင် မိမိရဲ့ Physical Damage ခုတ်ချက်တွေဟာလည်း Blade Dance ရဲ့ Critical တွေနဲ့အတူ အသုံးပြုခံရတဲ့ Unit တွေကို အသာစီးဖြင့် တိုက်ခိုက်နိုင်မှာ ဖြစ်ပါတယ်။ Omnislash ရဲ့ 200 ~ 225 Damage ဟာ  Physical အမျိုးအစားဖြစ်တာကြောင့် Bkb Unit တွေကို တိုက်ခိုက်နိုင်ပြီး Desolator, Assault Cuirass, Wave of Terror စတဲ့ Armor Reduction တွေနဲ့ တွဲဖက်သုံးရင်လည်း ပိုမိုအကျိုးရှိစေမှာ  ဖြစ်ပါတယ်။ ဒါ့အပြင် Omnislash အချိန်အတွင်းမှာ ပုံမှန်အတိုင်း တိုက်ခိုက်မှုတိုင်းဟာ သက်ရောက်နေမှာဖြစ်လို့ Mjollnir, Abyssal Blade, Eye of Skadi, Battle Fury အစရှိတဲ့ Item တွေရဲ့ သက်ရောက်မှုဟာလည်း ပုံမှန်အတိုင်း အကျိုးရှိစေမှာဖြစ်လို့ မိမိစိတ်တိုင်းကျ တွဲဖက်ရွေးချယ်နိုင်တဲ့ Ultimate တစ်ခု ဖြစ်ပါတယ်။

Juggernaut ဟာ Base Strength နည်းတဲ့ Hero တစ်ကောင်ဖြစ်လို့ အစောပိုင်း လမ်းပေါ်နေတဲ့အခါမှာ တစ်ဖက်အသင်းရဲ့ Physical တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိအောင် Poor Man Shield ကဲ့သို့သော Damage Block Item တစ်ခုလောက် ထည့်ထားသင့်ပါတယ်။ ဖိနပ်ဟာ အခြေခံကျတဲ့ Item တစ်ခုဖြစ်ပြီး အစောပိုင်း Farming သေချာစေဖို့နဲ့ Blade Fury အသုံးပြုရန်အတွက် Phase Boots ဟာ အခြေအနေအရ ရွေးချယ်သင့်တဲ့ Item တစ်ခုလည်း ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း Juggernaut ဟာ BAT အရမ်း ကောင်းတဲ့အပြင် Critical ကို လည်း ပိုင်ဆိုင်ထားတဲ့အတွက် Blade Dance ကို အစောဆုံး တင်ပြီး Mask of Madness နဲ့ တိုက်ခိုက်တဲ့ ပုံစံဟာ လက်ရှိရေပန်းအစားဆုံး Item Build ဖြစ်ပါတယ်။ Attack Speed များနေခြင်းက အဓိက အားသာချက်ဖြစ်လို့ Yasha, Madness တို့ကို အခြေခံ Item အဖြစ် ရွေးချယ်ပြီး၊ အနည်းငယ် Tank သွားစေရန် Skadi, Stanic, Aghanim’s Scepter တို့အပြင် Carry အချင်းချင်း တိုက်ခိုက်ဖို့ Butterfly, Monkey King Bar, Abyssal Blade တို့ဟာ ကစားပွဲ အခြေ
အနေအရ ရွေးချယ်နိုင်တဲ့ Item တွေပဲ ဖြစ်ပါတယ်။ မည်သို့ပင် ဆိုစေကာမူ မိမိနှစ်သက်သော ကစားပုံသာလျှင် မိမိအတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

yahooyeeha (www.myanmardota2.com)