Apple Watch ထောက်ပံ့မှု ပါဝင်သော iOS update မတ်လတွင် ဖြန့်ချိဖွယ်ရှိ

apple-watch-selling-points.jpg

Apple သည် မတ်လတွင် iPhone, iPad နှင့် iPod Touch များအတွက် Apple Watch ထောက်ပံ့မှု ပါဝင်သော software Update ကိုဖြန့်ချိ သွားဖွယ်ရှိကြောင်း BGR မှ ဖော်ပြခဲ့သည်။

အဆိုပါ update သည် ချို့ယွင်းချက်များကို ပြန်လည်ပြင်ဆင် ထားသလို စမတ်နာရီနှင့် Apple ထုတ်ကုန်များ အဆင်ပြေစွာ ချိတ်ဆက်နိုင်ရန် အာရုံစိုက် လုပ်ကိုင်ထားသည်။ ထို့အပြင် Apple Watch ကိုချိတ်ဆက် အသုံးပြုရန် iOS 8.2 တွင် app တစ်ခုရှိရန် လိုအပ်ကြောင်း 9to5Mac မှဖော်ပြခဲ့ဖူးသည်။ Apple အနေဖြင့် iOS 8.2 beta ဗားရှင်းသစ်ကို ဖြန့်ချိခဲ့ပြီး ကုမ္ပဏီအနေဖြင့် iPhone update အသစ်ကို ဖြန့်ချိနိုင်ကြောင်း ပြသခဲ့သည်။ ၎င်း update တွင် Apple Watch ထောက်ပံ့မှုအပြင် iOS ထုတ်ကုန် အချို့တွင် ဖြစ်ပေါ်နေသော Facebook ချို့ယွင်းချက်များကိုလည်း ပြင်ဆင်ထားသည်။

Apple ၏ update သည် မတ်လဒုတိယ  ရက်သတ္တပတ်တွင် ထွက်ပေါ်လာဖွယ် ရှိသော်လည်း ရက်အတိအကျကိုမူ မသိရှိရသေးပေ။ Apple Watch ကိုဧပြီလတွင် တင်ပို့ရောင်းချ သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်ခန့်က ပြုလုပ်ခဲ့သည့် ကုမ္ပဏီ၏ အမြတ်ငွေ ထုတ်ပြန်သည့်ပွဲတွင် အမှုဆောင် အရာရှိချုပ် တင်မ်ကွတ်ခ်မှ ပြောကြားခဲ့သည်။

Ref: BusinessInsider