Freemium

Freemium ဆိုသည်မှာ ပိုင်ရှင်နှင့် ဝန်ဆောင်မှု ကုမ္ပဏီတို့က အသုံးပြုသူထံမှ အခကြေးငွေ မယူဘဲ အခြေခံ feature များ ထောက်ပံ့ပေးခြင်းနှင့် အပိုဆောင်း feature များ သို့မဟုတ် အဆင့်မြှင့် feature များအတွက် အခကြေးငွေ ကောက်ခံခြင်း ဖြစ်သည်။ ၎င်းအသုံးအနှုန်းသည် free နှင့် premium ဟူသော စကားလုံးနှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။

Freemium သည် Web 2.0 ကုမ္ပဏီများနှင့် web အခြေခံ email ဝန်ဆောင်မှုများတွင် ရေပန်းစားသည်။ Premium feature များနှင့် add-on များသည် အွန်လိုင်းကြော်ငြာ၊ မဂ္ဂဇင်းကြော်ငြာ၊ search engine ဈေးကွက် ရှာဖွေမှု စသောနည်းလမ်းများနှင့် ထောက်ပံ့ပေးသည်။ Freemium ကို အောင်မြင်စွာ အသုံးချလျက်ရှိသည့် ဝန်ဆောင်မှုများတွင် AdAware, Flickr, Newsgator, Skype, Box.net နှင့် Webroot တို့ ပါဝင်သည်။

ထိရောက်မှုရှိသော freemium ဝန်ဆောင်မှု တစ်ခုတွင် သုံးစွဲသူများသည် အခြေခံ feature များကို အလွယ်တကူ ရှာဖွေ ရယူနိုင်သည်။ Premium feature များကို သွယ်ဝိုက်သော နည်းလမ်းဖြင့် ကြော်ငြာလေ့ရှိသည်။ ဥပမာ အနေဖြင့် anti-spyware program တစ်ခုသည် manual offline scanning နှင့် update များကို အခမဲ့ ထောက်ပံ့ပေးထားသည်။ သို့ရာတွင် အသုံးပြုသူအနေဖြင့် continuous malware monitoring ကဲ့သို့သော အထူးပြုလုပ်ထားသည့် function များကို အသုံးပြုလိုသည့်အခါ ၎င်း premium feature ကို ဝယ်ယူခြင်း သို့မဟုတ် လစဉ်ကြေးပေးသွင်းကာ အသုံးပြုခြင်းဖြင့် ပြုလုပ်နိုင်သည်။