WireShare (iOS)

2.jpg

WireShare App သည် iPhone, iPad တို့ပေါ်တွင် အသုံးပြုနိုင်သည့် Reader App တစ်မျိုးဖြစ်သည်။ EPUB, PDF,TXT, CHM, PNG, RMVB အစရှိသည့် ဖိုင်အမျိုးအစားပေါင်း ၃၀ ကျော်ခန့်ကို အထောက်အပံ့ပေးနိုင်သည့် App တစ်ခုဖြစ်သည်။ ထို့အပြင် ဓာတ်ပုံများကိုလည်း အထောက်အပံ့ပေးနိုင်မည်ဖြစ်ပြီး၊ Zip File, RAR File များကိုလည်း အသုံးပြုနိုင်ရန်အတွက် အထောက်အပံ့ပေးထားသည်။

အဆိုပါ App ကို iTunes Store တွင် မူလရောင်းချသည့် ဈေးမှာကန်ဒေါ်လာ ၃.၉၉ ပေးသွင်းမှသာ အသုံးပြုနိုင်မည်ဖြစ်ပြီး၊ ယခုအခါမှာ အချိန်အတိုင်းအတာတစ်ခုဖြင့် အခမဲ့ Download ပြုလုပ်ခွင့်ပေးထားသည်။ iOS Version 7.0 နှင့်အထက်တွင် အသုံးပြုနိုင်မည့် App တစ်ခု ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။