Picturesque Lock Screen (Android)

1.jpg

Picturesque Lock Screen သည် Android OS ပေါ်တွင် အသုံးပြုနိုင်မည့် Lock Screen App တစ်ခုဖြစ်သည်။ အဆိုပါ App သည် Microsoft Bing Search Engine နှင့် ချိတ်ဆက်ထားပြီး၊ Lock Screen ပေါ်မှ ပုံများကို ပြောင်းပေးနိုင်မည် ဖြစ်သည်။ ထို့ပြင် Missed Calls နှင့် SMS Message တို့ကိုလည်း Lock Screen ပေါ်ကနေ ဖတ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ရှာဖွေမှုများကိုလည်း Unlock ပြုလုပ်စရာမလိုဘဲ Lock Screen ပေါ်မှ တိုက်ရိုက်ရှာဖွေနိုင်မည် ဖြစ်သည်။ အဆိုပါ App သည် ရာသီဥတု အချက်အလက်များကိုလည်း အသုံးပြုနိုင်ရန်အတွက် စီစဉ်ပေးထားသည်ကို တွေ့ မြင်ရမည် ဖြစ်သည်။ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။