Taipei Game Show 2015 တွင်ပြသခဲ့သည့်အကောင်းဆုံးဂိမ်း (၁၁)ခု

ij2.jpg

ယခုဖော်ပြမည့် ဂိမ်းများမှာ Taipei Game Show 2015 တွင် ပြသခဲ့သည့် အကောင်းဆုံး ဂိမ်းများ ဖြစ်သည်။

Battle Spheres (Singapore)

ဂျပန်နိုင်ငံမှ နာမည်ကျော်ကြားသော Monster Strike နှင့် အလားတူသည် ဂိမ်းတစ်မျိုးကို စင်ကာပူကုမ္ပဏီ ဖြစ်သည့် Ixora Studios က Taipei Game Show 2015 တွင် မိတ်ဆက်ပြသခဲ့သည်။ Battle Spheres ဟုခေါ်ဆိုသည့် မိုဘိုင်း slingshot ဂိမ်းသည် ရန်သူကို ချေမှုန်းနိုင်သည်အထိ အရွယ်သေးငယ်သည့် monster ball များကို မြေပုံတစ်ခွင်ရွှေ့ကာ ကစားရမည် ဖြစ်သည်။ အဆိုပါဂိမ်းကို iOS နှင့် Android အတွက် ယခုနှစ်အတွင်း ဖြန့်ချိသွားမည် ဖြစ်သည်။

Four Pigs Soccer (Taiwan)

ထိုင်ဝမ်၏ Happy Soul Games မှ Four Pigs Soccer ဂိမ်းသည် လေးယောက် ကစားနိုင်သည့် co-op ဂိမ်းတစ်ခု ဖြစ်သည်။ ကစားသမား တစ်ဦးချင်းစီသည် ဘောလုံးကိုရယူပြီး ဂိုးသွင်းယူနိုင်ရန်အတွက် ဝက်တစ်ကောင်ကို ထိန်းချုပ်ကာ ကစားရမည် ဖြစ်သည်။ အခြားသော ဂိမ်းတစ်မျိုးမှာ The Four Pigs ဟူသော ဂိမ်းဖြစ်ပြီး ကစားသူက ဧရာမသတ္တဝါကြီးကို ကျော်ဖြတ်ကာ ပန်းသီးများကို ရနိုင်သလောက် ခိုးယူရမည် ဖြစ်သည်။ အဆိုပါ ဂိမ်းနှစ်မျိုးစလုံးကို iOS ပေါ်တွင် ရယူနိုင်သည်။ Android တွင် Four Pigs Soccer ကိုသာ ရယူနိုင်သည်။

The Guys (Taiwan)

The Guys ဟူသည့် ဂိမ်းမှာ ကစားသူက မီးသတ်သမား တစ်ဦးအနေဖြင့် ကစားရမည့် ဂိမ်းဖြစ်သည်။ မီးများကို ရှောင်ကွင်းပြီး ဦးတည်ရာ တစ်ဘက်တည်းသို့သာ သွားရောက်ကာ ပိတ်မိနေသည့် လူများကို ဘေးလွတ်ရာသို့ ကယ်တင်ရမည် ဖြစ်သည်။ အဆိုပါဂိမ်းကို Android ပေါ်တွင် ကစားနိုင်သည်။

Daebark (South Korea)

တောင်ကိုရီးယား developer နှစ်ဦး ဖန်တီးထားသည် Daebark သည် puzzle ဂိမ်းတစ်ခု ဖြစ်သည်။ အဆိုပါဂိမ်းတွင် အပေါ်ဘက်တွင် ဖော်ပြထားသည့် ဂဏန်းအတိုင်း ဂဏန်းများကို ပေါင်းပေးရမည် ဖြစ်သည်။ Daebark ဂိမ်းကို iOS အတွက်သာ ဖြန့်ချိမည်ဖြစ်သည်။ လက်ရှိတွင် App Store က အဆိုပါ app ကို review ပြုလုပ်လျက်ရှိသည်။

Sawate Gudetama (Japan)

ဂျပန် ဂိမ်းစတူဒီယို GoodLuck 3 က ဖန်တီးထားသည့် မိုဘိုင်းဂိမ်းဖြစ်သည်။ ကစားသူမှ Gudetama ကို အစာထုတ်လုပ်သည့်စက်အတွင်းသို့ ထည့်သွင်းရမည်ဖြစ်သည်။ ထို့နောက်တွင် အစာထုတ်လုပ်သည့်စက်က Gudetama ကို ကျပန်းပုံစံဖြင့် ပြန်ထုတ်ပေးမည် ဖြစ်သည်။ ၎င်းသည် ကြော်ထားသည့် ဥ ဖြစ်နိုင်သလို၊ ပြုတ်ထားသည့် ဥလည်း ဖြစ်နိုင်သည်။

Whisper of Wind (Taiwan)

Flower ၏ lite ဗားရှင်းနှင့် ဆင်တူသည့် Whisper of Wind သည် UFO-kitty hybrid များကို ရှောင်ကွင်းကာ အကြွေစေ့များကို စုဆောင်းရမည့် ဂိမ်းဖြစ်သည်။ ကစားသူများသည် in-app purchase များဖြင့် စက္ကူလေယာဉ်များနှင့် UFO kitty များကို ပြောင်းလဲနိုင်သည်။

Tsuchinoko (Taiwan)

iDT Digital မှ ဖန်တီးထားသည့် Tsuchinoko ဂိမ်းသည် နာမည်ကျော် Nameko ဂိမ်းများနှင့် အလွန်ဆင်တူသည်။ ၎င်းသည် မြွေနှင့်ဆင်တူသည် ဂျပန်အခေါ် tsuchinoko ဟု လူသိများသော cryptid ကို ထောင်ချောက်ဆင်ကာ ဖမ်းရမည့်ဂိမ်းဖြစ်သည်။ Tsuchinoko ကို iOS နှင့် Android ပေါ်တွင် ကစားနိုင်သည်။

Earthworm Alchemy (Taiwan)

Team Signal မှ မိတ်ဆက်ပေးခဲ့သည့် Earthworm Alchemy သည် တီကောင်အား မီတာ ၅၀ အနက်အထိ ရောက်ရှိအောင် အစာကျွေးရာတွင် ကူညီကာ ကစားရမည့် ဂိမ်းဖြစ်သည်။ လေထဲတွင် အစာများအပြင် ဗုံးများလည်း ပျံဝဲနေမည် ဖြစ်သောကြောင့် သတ်မှတ်ထားသည့် အရွယ်သို့ ရောက်ရှိရန် ခက်ခဲမည် ဖြစ်သည်။ အဆိုပါဂိမ်းကို Android နှင့် iOS တွင် ကစားနိုင်သည်။

Demon Archive (Taiwan)

Twincats မှ မိတ်ဆက်ပေးခဲ့သည့် Demon Archive ဂိမ်းသည် ဖုန်းကွယ်ထားသည့် အရာများကို click လုပ်ကာ ရှာဖွေရမည့် puzzle ဂိမ်းဖြစ်သည်။

Crazy Office (Taiwan)

Crazy Office ဂိမ်းသည် လက်တွေ့ဘဝနှင့် အလွန်ဆင်တူပြီး ရုံးဝန်ထမ်းတစ်ဦးက အလုပ်မြဲစေရန်အတွက် ကစားရသည့် ဂိမ်းတစ်ခု ဖြစ်သည်။ အလုပ်တွင် တွေ့ကြုံရသည့် အခက်အခဲများကို ကျော်ဖြတ်နိုင်ပါက point များရရှိပြီး ကြံ့ခိုင်မှု ပိုမိုရှိလာမည် ဖြစ်သည်။ အဆိုပါဂိမ်းကို Pangu Games က ဖန်တီးထားသည်။

OBTuz Rush

OBTu သည် ထိုင်ဝမ်အခြေစိုက် iNext Creator စတူဒီယိုမှ ဖန်တီးထားသည့် ချစ်စရာကောင်းသော လာဘ်ကောင်တစ်ခု ဖြစ်သည်။ OBTuz Rush သည် အဆိုပါ ချစ်စရာကောင်းသည့် ယုန်ငယ်လေးဖြင့် ကားမောင်းကာ ကစားရမည် ဖြစ်သည်။ ၎င်းဂိမ်းကို iOS နှင့် Android တွင် ကစားနိုင်သည်။

Zombie Hazard (Taiwan)

Zombie Hazard ဂိမ်းသည် App Pixie ၏ arcarde ဂိမ်းဖြစ်သည်။ ချဉ်းကပ်လာသည့် ဖုတ်ကောင်များကို ပစ်ခတ်ကာ ကစားရမည် ဖြစ်သည်။ ပစ္စတိုဖြင့် ပစ်ခတ်နိုင်ပြီး နောက်ပိုင်းတွင် စက်သေနတ် ကဲ့သို့သော အားပြင်းသည့် လက်နက်များထံ အဆင့်မြှင့်တင်နိုင်သည်။

Ref: TechInAsia