Hyperdimension Neptunia Re;Birth 2

1391084279-hyperdimension-neptunia-re-birth-2.jpg

PlayStation Vita မှာ ထွက်ရှိလာတဲ့ Hyperdimension Neptunia Re;Birth 2 ဂိမ်းသစ်ဟာ ယခင် ၂၀၁၀ ခုနှစ်မှာ ထွက်ရှိထားတဲ့ PlayStation 3 ဂိမ်း Hyperdimension Neptunia Mk.II ရဲ့  Remake Version ဖြစ်ပြီး gameplay features သစ်နှင့် graphics ပိုင်း အဆင့်မြှင့်တင်မှုများ ပါဝင်ထားတဲ့ ဂိမ်းတစ်ခုဖြစ်တာ တွေ့ ရပါတယ်။ Publisher Idea Factory အနေနဲ့ Hyperdimension Neptunia ဂိမ်းစီးရီးရဲ့  PSVita Remake Version ကို ဒုတိယ အကြိမ်မြောက် ဖြန့်ချိခြင်း ဖြစ်ပါတယ်။ လောလောဆယ်မှာ PlayStation exclusive ဂိမ်းတွေဖြစ်တဲ့ Hyperdimension ဂိမ်းတွေရဲ့  အဓိကထူးခြားချက်ကတော့ Gamindustri ဆိုတဲ့ Video Game တိုင်းပြည်အတွင်း နေထိုင်တဲ့ Xbox 360, PS3, Nintendo Wii နှင့် PSP, Nintendo DS အစရှိတဲ့ ဂိမ်းစက်တွေ၊ Compile Heart, Cave နှင့် Atlus အစရှိတဲ့ ဂိမ်း Developer နှင့် publisher တွေကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်တွေ၊ Arfoire နှင့် Custom Firmware Judge အစရှိတဲ့ Video Game Software ခိုးကူးမှုကို တိုးမြင့်စေတဲ့ ရန်သူတွေ တိုက်ပွဲဝင်ကြပုံကို ရယ်စရာဟာသတွေနဲ့ ပျော်စရာ gameplay တို့ ပေါင်းစပ် ဇာတ်လမ်းဆင်ထားခြင်းဖြစ်ပြီး ပုံစံကွဲပြားပြီး ပျော်ဖို့ကောင်းတဲ့ ဇာတ်လမ်းဖြစ်လို့ gamer များ သဘောကျခဲ့ပါတယ်။

Hyperdimension Neptunia ဂိမ်းစီးရီးတွေရဲ့  gameplay ကတော့ turn based RPG ဂိမ်းအမျိုးအစားဖြစ်ပြီး ရန်သူတွေကို CPU ဇာတ်ကောင်များ Video game company Mascot ဇာတ်ကောင်များကို အသုံးပြုပြီး တိုက်ခိုက်ရမှာ ဖြစ်ပါတယ်။ World Map ပေါ်ကနေ တစ်ဆင့် video game console publisher တွေ တစ်ခုချင်းကို ကိုယ်စားပြုတဲ့ နိုင်ငံတွေကို သွားရောက်ပြီး story mission တွေနဲ့ side mission များကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ Anime style cutscenes တွေ Visual Novel style gameplay တွေလည်း ပါဝင်ပါတယ်။ Hyperdimension Neptunia Re;Birth ရဲ့  ဇာတ်လမ်းအစမှာတော့ Custom Firmware နဲ့ ဂိမ်းခိုးကူးမှု Piracy ကို မြှင့်တင်စေတဲ့ ASIC (Arfoire Syndicate of International Crime), a group solely dedicated towards the deceased Arfoire, has risen, led by CFW Magic. Over the years, the influence of ASIC has become increasingly powerful, currently အဖွဲ့ အစည်းဟာ မကောင်းမှုအစွမ်းတွေ အသုံးပြု ပြီး ဂိမ်းလောကရဲ့ ရှယ်ယာအများစုကို အပိုင်စီးထားတဲ့ အ
တွက် CPU Goddess တွေ အဖြစ်လည်း Sony, Nintendo, Microsoft နှင့် Sega ဂိမ်းစက်အကြီး (Home Console) တွေကို ကိုယ်စားပြုတဲ့ စွမ်းအားရှင်တွေနဲ့အတူ Sega Game Gear ကို ကိုယ်စားပြုတဲ့ Napgear က သွားရောက်တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Napgear ကလွဲပြီး သူတို့ အားလုံးဟာ ရန်သူ ASIC အဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရလို့ Napgear နဲ့ အခြားလက်ကိုင် ဂိမ်းစက်တွေကို ကိုယ်စားပြုတဲ့ ကောင်မလေးတွေက ASIC အဖွဲ့ကို တိုက်ခိုက်ရင်း သူတို့ရဲ့ အစ်မ ဂိမ်းစက်တွေကို ကယ်တင်ရန် ကြိုးပမ်းရပုံ ဇာတ်လမ်းဆင်ထားပါတယ်။

Hyperdimension Neptunia Re;Birth 2 ဂိမ်းရဲ့ party member ဝင်တွေအနေနဲ့ လက်ကိုင်ဂိမ်းစက်တွေကို ကိုယ်စားပြုတဲ့ ကောင်မလေးတွေ ပါဝင်ထားပြီး သူတို့ရဲ့  စွမ်းအင်အပြည့် သုံးမယ်ဆိုရင် ဂိမ်းစက်တွေရဲ့ special ability တွေ အသုံးပြုနိုင်မယ့် Sega Game Gear ကို ကိုယ်စားပြုတဲ့ အဓိကဇာတ်ကောင် Nepgear (Purple Sister), Sony ရဲ့  PlayStation Portable လက်ကိုင်ဂိမ်းစက်ကို ကိုယ်စားပြုတဲ့ Uni (Black Sister) နဲ့ Nintendo DS ဂိမ်းစက်ကို ကိုယ်စားပြုတဲ့ Ram နှင့် Rom (White Sister) တို့က အဓိက ပါဝင်ထားပါတယ်။ မူရင်းဂိမ်းကို ၂၀၁၀ ခုနှစ်က ရေးဆွဲခဲ့ပြီး ၂၀၁၅ မှ remake version ထွက်လာတာဖြစ်လို့ PlayStation Vita နဲ့ Nintendo 3DS ဂိမ်းစက်တွေကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်တွေ မပါသေးပေမယ့် နောက်ပိုင်း Hyperdimension ဂိမ်းသစ်တွေမှာတော့ ဇာတ်ကောင်သစ်၊ ဂိမ်းစက်သစ်တွေ ဆက်ပါနေဦးမှာ သေချာပါတယ်။

Battle System အနေနဲ့ကတော့ Turn-based RPG ဂိမ်းပုံစံဖြစ်ပြီး မူလဂိမ်းကထက် in-game menu စနစ်တွေ၊ တိုက်ပွဲ အကူးအပြောင်း Battle system တွေ ပိုကောင်းအောင် လုပ်ပေးထားပါတယ်။ ရန်သူတွေ
နဲ့ CPU ဇာတ်ကောင်တွေ တစ်လှည့်ဆီ တိုက်ခိုက်နိုင်မှာဖြစ်ပြီး တိုက်ပွဲအတွင်း အလှည့်မပြည့်ချိန်မှာ စိတ်ကြိုက်နေရာမျိုးစုံ ကြိုရွှေ့ထားလို့ရပါတယ်။ ရွေးချယ်တဲ့ လက်နက်ပေါ်မူတည်ပြီး attack range က
လည်း ပြောင်းလဲသွားမှာမို့လို့ ဇာတ်ကောင်ရဲ့ character stats ပေါ် မူတည်ပြီး လက်နက်မျိုးစုံ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ CPU Candidates တွေအပြင် support character ဇာတ်ကောင်တွေလည်း ပါဝင်ထားပါတယ်။ 5pb, Cave, Compile Heart နဲ့ Idea Factory အစရှိတဲ့ ဂိမ်း developer တွေကို ကိုယ်စားပြုတဲ့ ဇာတ်ကောင်လေးတွေလည်း ပါဝင်ထားသလို Stella အမည်ရ ဇာတ်ကောင်သစ်ကို အသုံးပြု ပြီးတော့လည်း သွားပြီးသား dungeons တွေက items တွေကို ရှာဖွေခိုင်းလို့ ရမှာပါ။

Hyperdimension Neptunia Re;Birth 2 ဂိမ်းဟာ Anime စတိုင် ဇာတ်ကောင်ဒီဇိုင်းတွေနဲ့ Moe’ ပရိသတ်တွေ၊ Visual Novel စတိုင်နှင့် JRPG ဂိမ်းတွေကို နှစ်သက်သူတွေကို အဓိက ဆွဲဆောင်နိုင်အောင် ရေးထားတဲ့ ဂိမ်းဖြစ်ပေမယ့် strategy မျိုးစုံ ပြောင်းလဲအသုံးပြုနိုင်တဲ့ turnbased RPG gameplay တွေလည်း ပါဝင်ထားတဲ့အတွက် ဂိမ်းဝါသနာရှင် အများစုအကြိုက်တွေ့ မည့် PlayStation Vita ဂိမ်းကောင်း တစ်ခုဖြစ်တာ တွေ့ ရပါတယ်။