
HD DVR အမှတ်တံဆိပ်ဖြင့် ကားပေါ်တွင် အသုံးပြုနိုင်သော Portable DVR တစ်မျိုး ဈေးကွက်အတွင်း ဝင်ရောက်လာသည်။ ၂.၅ လက်မအရွယ် စကရင်နှင့်ဖြစ်ပြီး HD ဖြစ်သည့်အတွက် အသံနှင့် ရုပ်ထွက်ကို ကြည်လင်ပြတ်သားစွာ တွေ့ မြင်ရမည် ဖြစ်သည်။ HD Wide lens ပါဝင်သည်။ Wide view ရိုက်ကူးနိုင်ပြီး AV Output ပါဝင်သည့်အတွက် တီဗွီဖြင့် ချိတ်ဆက်ကာ ပြန်လည်ကြည့်ရှုနိုင်မည် ဖြစ်သည်။ Memory card ကို 32 GB အထိ ထည့်သွင်း အသုံးပြုနိုင်သည်။ ကားအချင်းချင်း ဖြစ်တတ်သည့် ကိစ္စများကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ၄၀,၀၀၀ ကျပ်ဖြစ်ပြီး My Data ဖုန်း – ၀၉-၇၃၁၀၅၀၁၀ ၌ ဆက်သွယ် ဝယ်ယူနိုင်မည် ဖြစ်သည်။