
ဒုတိယအကြိမ်မြောက် Myanmar Health Expo 2015 ကို ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်အထိ ၃ ရက်တိုင်တိုင် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Myanmar Health Expo 2015 ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေမှ ဖွင့်လှစ်ပေးခဲ့ပြီးနောက် တပ်မတော်ခန်းမတွင်းရှိ ဆိုင်ခန်းများ၏ အခြေအနေအား လိုက်လံကြည့်ရှုခဲ့သည်။
အဆိုပါပြပွဲတွင် ဆေးပညာ နယ်ပယ်အသီးသီးမှ ဆေးကုမ္ပဏီများမှ ပါဝင်ပြသ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။