အဝေးထိန်းလေယာဉ်ဖြင့် ကုန်ပစ္စည်းပေးပို့သည့် အစီအစဉ်ကို Alibaba စမ်းသပ်

10426616_10152703550112825_7392058544585277193_n.jpg

Alibaba သည် အဝေးထိန်းလေယာဉ် (drone) ဖြင့် ကုန်ထုပ်ပစ္စည်းများအား ပေးပို့သည့် အစီအစဉ်ကို စမ်းသပ်လုပ်ဆောင်ခဲ့ကြောင်း Taobao တွင် ဖော်ပြခဲ့သည်။

Amazon အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့စ်၏ စိတ်ကူးကို အကောင်အထည်ဖော်သည့် အနေဖြင့် Alibaba ၏ နာမည်ကျော် အွန်လိုင်းဈေးဝယ်ဝက်ဘ်ဆိုက် Taobao ကို Shanghai YTO Express နှင့် ပူးပေါင်းကာ ဖေဖော်ဝါရီလ ၄ ရက်မှ ၆ ရက်အထိ ကုန်ထုပ်ပစ္စည်းများအား စမ်းသပ်ပေးပို့ခဲ့ခြင်း ဖြစ်သည်။

Amazon ၏ စမ်းသပ်မှုတွင် ဖောက်သည် ၄၅၀ ဦးထံသို့ ကုန်ပစ္စည်းများကို အဝေးထိန်းလေယာဉ်ဖြင့် ပေးပို့ခဲ့ပြီး ပေးပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ သကြားပါဝင်သော ဂျင်းလဘက်ရည်တစ်မျိုးတည်းသာ ဖြစ်ကြောင်း Alibaba မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ကုန်ပစ္စည်းများ၏ အလေးချိန်သည် ၃၄၀ ဂရမ်အောက်သာ ရှိပြီး ၎င်းတို့ကို ကွမ်ကျိုး၊ ဘေကျင်းနှင့် ရှန်ဟိုင်းမြို့တို့တွင် နေထိုင်သူများထံ၁ နာရီအတွင်း ပေးပို့ခဲ့ခြင်း ဖြစ်သည်။

Ref: TechInAsia