Beats streaming သီချင်းဝန်ဆောင်မှုကို iOS နှင့် iTunes တွင် ပေါင်းစပ် ထည့်သွင်းရန် Apple စီစဉ်နေ

10847853_10152703487637825_1172508696684158946_n.jpg

၂၀၁၄ ခုနှစ်က Beats ကို ဝယ်ယူခဲ့သည့် Apple သည် အဆိုပါ streaming သီချင်းဝန်ဆောင်မှုကို iOS, iTunes နှင့် Apple TV တွင် ပေါင်းစပ်ထည့်သွင်းရန် ဆောင်ရွက်နေကြောင်း 9to5Mac မှ ဖော်ပြခဲ့သည်။

အရေးပါသည့် feature တစ်ခုမှာ သုံးစွဲသူများအနေဖြင့် လက်ရှိ Beats နှင့် iTunes music library များကို ဝန်ဆောင်မှုအသစ်ပေါ်တွင် upload ပြုလုပ်နိုင်ခြင်း ဖြစ်သည်။ ၎င်းဝန်ဆောင်မှုအသစ်သည် Cloud ပေါ်တွင် သီချင်းများကို iTunes နှင့် ပေါင်းစပ်ထားခြင်းကြောင့် သုံးစွဲသူများ အနေဖြင့် နှစ်သက်ရာ သီချင်း သို့မဟုတ် အဆိုရှင်များကို ရွေးချယ်ပြီး iPhone နှင့် iPad ရှိ local storage ထံ download ပြုလုပ်နိုင်မည် ဖြစ်သည်။

App ၏ ဒီဇိုင်းမှာ ယခင် အနက်နှင့် အနီရောင်စပ်ထားသည့် ဒီဇိုင်းအစား iTunes နှင့် iOS တွင် ပါဝင်သည့် stock Music app နှင့် တူညီသည့် user interface ပါဝင်သော ဒီဇိုင်းအဖြစ် ပြောင်းလဲထားကြောင်း ဆိုသည်။ သူငယ်ချင်းများနှင့် သီချင်း၊ playlist များ ဝေမျှခြင်းအတွက် Social feature အသစ်များလည်း ပါဝင်လာမည် ဖြစ်သည်။

ထို့အပြင် Apple သည် Beats Music app ကို Android အတွက် ဖန်တီးဖွယ်ရှိကြောင်း သိရသည်။ လက်ရှိတွင် Beats Music Android app ရှိနေသော်လည်း Apple အင်ဂျင်နီယာများက Apple အမှတ်တံဆိပ် ဝန်ဆောင်မှုအသစ်အတွက် Android app တစ်ခုကို ဖန်တီးနေကြောင်း Gurman မှ ဖော်ပြခဲ့သည်။

Apple ၏ အထက်ပါ အခပေး ဝန်ဆောင်မှုသစ်အတွက် တစ်လလျှင် ၇.၉၉ ဒေါ်လာ ကျသင့်ဖွယ်ရှိသည်။ ၎င်းသည် တစ်လလျှင် ၉.၉၉ ဒေါ်လာကျသင့်သည့် Beats Music နှင့် ပြိုင်ဘက်ဝန်ဆောင်မှုများ ဖြစ်သော Spotify, Rdio နှင့် Google Play Music တို့ထက် သက်သာသည့် နှုန်းဖြစ်သည်။

Ref: MacRumours