OLPC (One Laptop Per Child)

One Laptop Per Child (OLPC) စီမံကိန်းဆိုသည်မှာ အချက်အလက်နည်းပညာ ကွာဟချက်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံရှိ ကလေးငယ်များအား တန်ဖိုးနည်းပါးသည့် laptop ကွန်ပျူတာများအား ထောက်ပံ့ပေးခြင်း ဖြစ်သည်။ OLPC ကို MIT Media Lab ကို တည်ထောင်သူ နီကိုလပ်စ် နီဂရိုပွန်တီက စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလတွင် ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့၌ ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ကြေညာခဲ့သည်။ ၎င်းစီမံကိန်းအဖွဲ့သည် Laptop ၏ beta ဗားရှင်းဖြစ်သော XO ကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြန့်ချိခဲ့သည်။ ကနဦးတွင် ထုတ်ကုန် ၁ သန်းခန့်ကို နိုင်ငံအချို့ရှိ ကလေးငယ်များထံ ထောက်ပံ့ပေးခဲ့သည်။