GoPro App

1.jpg

GoPro App သည် GoPro Camera အသုံးပြုသည့်သူများမိမိ Device ကို Android OS အသုံးပြုထားသည့် Mobile Phone, Tablet အစရှိသည်တို့ပေါ်မှနေပြီး ထိန်းချုပ်ရိုက်ကူးပေးနိုင်မည့် App တစ်ခုဖြစ်သည်။ ထို့ပြင် ဗီဒီယိုရိုက်ကူးနေပါကလည်း အဆိုပါ ဗီဒီယိုရိုက်ကူးသည့် မြင်ကွင်းများကို Mobile Phone သို့မဟုတ် Tablet ပေါ်မှနေ၍ စောင့်ကြည့်နိုင်မည် ဖြစ်သည်။ GoPro Camera ဖြင့် ရိုက်ကူးလိုက်သည့် ပုံများကို လူမှုကွန်ရက်ဝက်ဘ်ဆိုက်များဖြစ်သည့် Facebook, Twitter နှင့် အခြားသော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် ဝေမျှ နိုင်မည် ဖြစ်သည်။

အဆိုပါ App သည် GoPro Camera အသုံးပြုသူများအတွက် ထုတ်လုပ်ဖြန့်ချိပေးထားသည့် App တစ်ခုဖြစ်ပြီး၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့တွင် Update ထပ်မံပေးခဲ့ခြင်း ဖြစ်သည်။ အခမဲ့ Download ရယူလိုသူများအတွက် ဒီနေရာကို နှိပ်ပါ။