Samsung Electronics မှ စာသင်ကျောင်းအတွက် ထောက်ပံ့မှုပြုလုပ်

10659182_10204096275267006_7021998739299035871_n.jpg

Samsung Electronics Myanmar သည် ဇန်နဝါရီလ ၂၇ ရက်က ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ရှိ အ.ထ.က (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသား လူငယ်များကို အကူအညီဖြစ်စေရန် သင်ထောက်ကူ ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း ပြုလုပ်ခဲ့သည်ဟု သိရသည်။

စာသင်ကျောင်းအား စာသင်စားပွဲနှင့် ထိုင်ခုံ အလုံး ၁၀၀၊ စာသင်ခန်းများ သန့်ရှင်းသပ်ရပ်စေရန်အတွက် ပြန်လည်ပြုပြင် ဆေးသုတ်ပေးခြင်းနှင့် သောက်သုံးရေ အဆင်ပြေစွာ ရရှိနိုင်စေရန် ၁,၅၀၀ လီတာဆံ့ Steel တိုင်ကီ ၃ လုံးတို့အား ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာဖြင့် အသိပညာ၊ အတတ်ပညာများ သင်ယူနိုင်ရန် ရှေးရှုပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် Samsung Myanmar မှ ကျင်းပပြုလုပ်ခဲ့သည့် Samsung Scholarship Quiz Program 2014 ၌ ဒုတိယဆု ဆွတ်ခူးရရှိခဲ့သော မနှင်းအေးဝတ်ရည်မှ သူမ ရရှိခဲ့သော ဆုကြေးငွေထဲမှ သူမ ပညာသင်ကြားခဲ့သော အ.ထ.က (၄) တောင်ကြီး ကျောင်းအတွက် ၆၃ သိန်းကျပ်မျှ တန်ဖိုးရှိသော သင်ထောက်ကူပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းလည်း ပြုလုပ်ခဲ့သည်။