Duo Camera Technology

url.jpg

Duo Camera  ဆိုတာက တော့ HTC One (M8) စမတ်ဖုန်းမှာ စတင်အသုံးပြုလာတဲ့ ကင်မရာ နည်းပညာတစ်ခုဖြစ်ပြီး ဒီစနစ်က ဖုန်းရဲ့နောက်ကျောဘက် ကာဗာပေါ်မှာ ကင်မရာ sensor နှစ်လုံးကို အသုံးပြုဖန်တီးထား တာလည်းဖြစ်ပါတယ်။

4.1 megapixel (UltraPixel) အမျိုးအစား အဓိက sensor နဲ့ 2 megapiel (depth) အမျိုးအစားအရံ sensor နှစ်လုံးကို ထည့်သွင်းထား တာဖြစ်ပြီး သူ့မှာအသုံးပြုထားတဲ့ အရံ ကင်မရာ sensor က ပုံရိပ် တွေရဲ့ အကွာအဝေးနဲ့ သူ့ဘေး ဘက်အကျယ်အ၀န်းကို တိုင်းတာဖို့အတွက် ထည့်သွင်းထားတာတော့မဟုတ်ပါဘူး။

UltraPixel sensor နဲ့တွဲဖက် အသုံးပြုထားတဲ့ 28mm မှန်ဘီ လူးက ပတ်ဝန်းကျင်အလင်းရောင်  မတည်ငြိမ်တဲ့ အခြေအနေအမျိုး မျိုးမှာ ပုံရိပ်တွေကို မှုန်ဝါးမှုနည်း  နိုင်သမျှနည်းအောင်နဲ့ ကြည်လင် တောက်ပမှုရှိအောင် ပြုလုပ်ပေးတာဖြစ်ပြီး ဒီ sensor က သာမန် စမတ်ဖုန်းကင်မရာတွေထက် အလင်းသိမှတ်မှုနှုန်း ၃၀၀ ရာခိုင် နှုန်းပိုမိုသာလွန်တယ်လို့ဆိုပါတယ်။ သူ့အပေါ်က အရံ depth sensor ကတော့ ပုံရိပ်တွေရဲ့ ပြတ်သားမှုဇုံ (depth of field) ဆိုင်ရာ အချက် အလက်တွေကို မှတ်တမ်းတင် ပေးတဲ့အပြင် ဓာတ်ပုံရိုက်ပြီးတဲ့ အခါမှာ မိမိ focus ဖြတ်လိုတဲ့ အပိုင်း ကို ပြန်လည် focus ပြန်ယူဖြင်းဖြစ်တဲ့ refocus တနည်း UFocus ပြုလုပ်ခြင်းနဲ့ မလိုအပ်တဲ့ အပိုင်းကို bokeh  effect လို့ခေါ်တဲ့ မှုန်ဝါးနိုင်အောင် ပြုလုပ်ဖို့အတွက် အဓိက အသုံးပြုထားတာဖြစ် ပါတယ်။ ဒီစနစ်နဲ့တွဲ ဖက်ပြီး Foregrounder, Seasons, Dimension Plus စတဲ့ လုပ်ဆောင်ချက်တွေကို တွဲဖက် အသုံးပြုထားပါတယ်။ ဒီလုပ်ဆောင်ချက်တွေက ဓာတ်ပုံရဲ့ ရှေ့နောက်မြင် ကွင်းတွေကို စိတ်ကြိုက်ဝါးအောင်ပြုလုပ်ခြင်း၊ ခဲခြစ်ပုံစံပြောင်းလဲခြင်း၊ ပုံမှာလှုပ်ရှားမှု effect တွေထပ်မံပေါင်း စပ်ခြင်းနဲ့ ဓာတ်ပုံကို 3D ပုံစံလှည့်ပတ်ကြည့်ရှုခြင်းတွေကို ထောက်ပံ့ လုပ်ဆောင် ပေးပါတယ်။

နောက်ပြီး ဒီ Duo ကင်မရာစနစ်နဲ့ အတူ  အဖြူနဲ့ အ၀ါရောင် Dual LED flash မီးစနစ်ကို တွဲဖက်အသုံးပြု ထားတဲ့အတွက် Flash မီးကို အသုံးပြုရိုက်ကူးတဲ့အခါမျိုးမှာ ကင်မရာကနေ သဘာဝကျတဲ့အရောင်အသွေးရှိတဲ့ ဓာတ်ပုံကိုထုတ်လုပ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ တကယ်တော့ One (M8) မှာ သုံးထားတဲ့ UltraPixel sensor က သူ့အရင် ထွက်ရှိခဲ့တဲ့ HTC One မှာ အသုံးပြုထားတဲ့ ကင်မရာနည်း ပညာဖြစ်ပြီး M8 မှာ depth sensor အရံကင်မရာစနစ်ကို အသစ်ဖန်တီးထည့်သွင်းထားတာ ဖြစ်ပါတယ်။ အဲဒီလိုထည့်သွင်း လိုက်တဲ့အတွက် မြန်ဆန်တဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ကောင်းစွာရိုက်ကူးနိုင်တဲ့အပြင် ဓာတ်ပုံရိုက်ပြီး မိမိလိုချင်တဲ့ အပိုင်းကို သီးသန့်ရွေးချယ် Focus ဖြတ်နိုင်တာလည်းဖြစ်ပါတယ်။